Pages

Wednesday, July 4, 2012

ထားဝယ်စီမံကိန်းမှ မက်စ်မြန်မာကုမ္ပဏီ နုတ်ထွက်လိုက်ပြီ

၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ထားသောMax Myanmar ကုမ္ပဏီ မှာ ထားဝယ်စီမံကိန်းမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ထားဝယ်စီမံကိန်း လုပ်ငန်းအထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးတင်မောင်ဆွေက အတည်ပြု လိုက်သည်။

လစ်လပ်သွားသော ဒုတိယသမ္မတ နေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထားတင်သွင်းရမည်



Photo: ပထမအကြိမ် စတုတ္တပုံမှန် လွှတ်တော်အစည်းအဝေးများကို ယနေ့ ဇူလိုင်လ ၄ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည်။


သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦး အနားယူခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ၊ ပုဒ်မ ၇၂ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူး သက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျောက်
 နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည် ဟု လည်းကောင်း ၊

လွှတ်တော်အစည်းအဝေးများကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု ထုတ်ပြန်ထားသော်လည်း နေ့လယ် ၁ နာရီအချိန်ထိ ပြသနိုင်ခြင်းမရှိခဲ့


Photo: ရွေးကောက်ခံရပြီးနောက် ကတိသစ္စာပြုရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်အချို့  ကတိသစ္စာပြု ထွက်ဆိုကြစဉ်
ရွေးကောက်ခံရပြီးနောက် ကတိသစ္စာပြုရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်အချို့  ကတိသစ္စာပြု ထွက်ဆိုကြစဉ် 

ပထမအကြိမ် စတုတ္တပုံမှန် လွှတ်တော်အစည်းအဝေးများကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟ
 ထုတ်ပြန်ထားသော်လည်း ယနေ့ နေ့လယ် ၁ နာရီအချိန်ထိ ပြသနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Sky Net ရုပ်သံမှ တာဝန်ရှိသူတစ်ဦးက ““ လွှတ်တော်ကျင်းပနေတာကို ရိုက်ကူးပြီး ပြန်ထုတ်လွှင့်ပေး
ဖို့အတွက် စက်ပိုင်းဆိုင်ရာအခက်အခဲ အနည်းငယ်ရှိနေတာကြောင့်မထုတ်လွှင့်ပေးသေးတာပါ။ နောက်ကျ (delay)
 အနေနဲ့ ပြန်လည်ထုတ်လွှင့်ပြသပေးသွားမှာပါ။ တိုက်ရိုက်ပြသနိုင်အောင်တော့ ဆောင်ရွက်ပေးသွားမှာပါ”” ဟု
 ပြောကြားခဲ့သည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်မှ စတင်၍ လွှတ်တော် Channel အမည်ဖြင့် သီးသန့် လိုင်းတစ်ခုဖြင့်လွှတ်တော်ကျင်းပပြီးစီးချိန်ထိ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဟု Sky Net ရုပ်သံမှ ထုတ်ပြန်ကြေငြာထား
ကြောင်းသိရသည်




အာရှယူ-၂၂ ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ကြောင်း မလေးရှားအသင်းနည်းပြ ပြောပြ



ဇူလိုင်-၃

အာရှယူ-၂၂ ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ကြောင်း မလေးရှားအသင်းနည်းပြ 

အွန်ကင်ဆွီးက မလေးရှား-မြန်မာပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာ့အရေး ကူညီလိုသူ များပြား


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံတိုးတက်ရေးအတွက် စေတနာရှိကြတဲ့ နိုင်ငံတွေ လူမျိုးတွေကမ္ဘာပေါ်မှာ အများကြီး ရှိတယ် ဆိုတာ သူ့ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ သိခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

7 july အမှတ်တရ (၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု၌ ဗိုလ်နေ၀င်း သရဲဘောကြောင်ပုံ)


7 July ငါတို့မမေ့နိုင်

တော်လှန်ရေးကောင်စီ ဖွဲ.စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင်ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ.ကြသည်မှာ သိသာထင်ရှားသည်။ 

ဆရာ ဦးငွေကြည်ရဲ့လက်ရာတစ်ကွက် ကာတွန်း



Photo: ဆရာ ဦးငွေကြည်ရဲ့လက်ရာတစ်ကွက် ကာတွန်း
Ref:Yangon Media

ရပ်/ကျေး နည်းဥပဒေ မကြာမီ ထွက်ရှိနိုင်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြောကြား

ဇွန်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခဲ့သည့် ရပ်/ကျေး နည်းဥပဒေ မကြာမီ ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ဇံမြင့် ကပြောကြားလိုက်သည်။

အဆိုပါ နည်းဥပဒေတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား တရားဝင် လစာအဖြစ် တစ်လ ကျပ် ၇ သောင်း ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ အတွက် တစ်လ အသုံးစရိတ် ကျပ် ငါးသောင်း အဖြစ် နှုန်းထားသတ်မှတ်ချက်ပါဝင်ကာ တစ်နိုင်ငံလုံးရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများအတွက် အသုံး စရိတ် ကျပ် သန်းပေါင်း နှစ်ထောင့်လေးရာကျော် သုံးစွဲမည် ဟု ပါရှိကြောင်း သိရသည်။ 

ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်


Photo: ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က-ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း - က ဒီနေ့ညနေ မှာ ခေါ်ယူတွေ့ဆုံပြီး အခန်းအနားကိစ္စတွေမေးမြန်းတယ်လို့ သိရပါတယ်။

ဒီလိုမေးမြန်းတဲ့အခါ အခန်းအနားစီစဉ်သူတွေအနေနဲ့ အဲဒီနေ့မှာ လမ်းပေါ်ထွက် ချီတက်တာမျိုး မဟုတ်ဘဲ အဆောက်အဦတခုထဲမှာဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ခွင့်ပြုနိုင်ချေရှိတယ် လို့ ဗိုလ်မှူးကြီးတင်ဝင်း - ကပြောဆိုတဲ့အကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"ရခိုင်ဒေသလို ကိစ္စမျိုးတွေ ဖြစ်နေတဲ့ အချိန်မှာ လုံခြုံမှု ကင်းမဲ့တယ်လို့ ယူဆ၇တဲ့ အတွက် လမ်းပေါ်မှာ လူစုလူဝေးနဲ့ လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါကြောင့် လမ်းပေါ်ထွက် ချီတက်တာမျိုး လုပ်တာ သူတို့ အနေနဲ့ ခွင့်မပြုနိုင်ဘူးလို့ ဆိုတယ်။ အမိုးအကာအောင်မှာ လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် စဉ်းစားမယ်။ တော်ဝင်ခန်းမမှာ လုပ်ခွင့်ရဖို့ ၀နကြီးချုပ်ကို ပြန်တိုင်ပင်မယ် ဆိုတဲ့ ကတိတခုတော့ ရခဲ့တယ်ဗျ။"

ဗကသများအဖွဲ့ချုပ် အနေနဲ့ 7 July အခန်းအနားကျင်းပဖို့စီစဉ်တာဟာ
 မြန်မာနိုင်ငံမှာအမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တခုကို အမှတ်တရ အနေနဲ့ပြုလုပ်ဖို့စီစဉ်တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့တဲ့ အကြောင်း ကိုကျော်ကိုကိုကပြောပါတယ်။

သမဂ္ဂဖြိုခွဲခံရခြင်း နှစ် ၅၀ ပြည့် ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပဖို့ ဗကသများအဖွဲ့ချုပ် က ပြင်ဆင်နေပြီး၊ ဒီအခန်းအနား 
ဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားတဲ့ပြည်သူတွေက အလှူငွေ ထည့်ဝင်နေကြပါတယ်။
ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို
ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က-ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း - က ဒီနေ့ညနေ မှာ ခေါ်ယူတွေ့ဆုံပြီး အခန်းအနားကိစ္စတွေမေးမြန်းတယ်လို့ သိရပါတယ်။

မပြန်ချင်တဲ့လမ်း



လှပအိပ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်... ။

အိပ်မက်



သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။

ကလေးသို့




ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။

မှန်ကွဲစများ၏ရာဇ၀င်


တစ်ခါတစ်ခါ
ငါ့ကိုယ်ငါမမှတ်မိဘူး

လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
(အားမတန် မာန်ချ... တဲ့)

အစ်ကိုဖြစ်သူ ဗျိုက် အကြောင်း အမှတ်တရ ပြည်လည်ပြောသူ နန္ဒ


 လွန်ခဲ့တဲ့ ၈နှစ်က ဆလုံဒေသမှာ ရိုက်ကူးတဲ့ မော်ကွန်းဥဒါန်း ရုပ်ရှင် ဇာတ်ကား ကြီးမှာ နန္ဒာကပါဝင် သရုပ်ဆောင်ခဲ့သလို နန္ဒရဲ့ အစ်ကိုဖြစ်သူ ဗျိုက်ကိုလည်း တွေ့ရ ပါတယ်။ နန္ဒက အစ်ကိုဖြစ်သူ ဗျိုက်နေမကောင်းတဲ့ အတွက် ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေချိန် ဆလုံဒေသမှာ ပြုစုခဲ့ရပုံနဲ့ အမှတ်တရတွေ ကိုလည်း ပြန်ပြောပြ ခဲ့ပါတယ်။

လယ်ယာမြေ အငြင်းပွားမှုတွင် ပါဝင် ဆက်နွယ်သော နိုင်ငံရေး သမားများကို တရားစွဲဆိုမည်


ဦးနေမျိုးဝေ

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ တောင်သူများနှင့် လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွားနေသော ဇေကမ္ဘာ ကုမ္ပဏီ ဦးခင်ေ၇ွှက လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွား အောင် လှုံ့ဆော်ခဲ့ကြသည့် နိုင်ငံရေးသမားများနှင့် ပါတီများကို တရားစွဲဆိုရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားသည်။

ရိုးရာဝတ်စုံကို အနောက်ဟန်ရောပြီး ရှိုးပွဲဝင်သည့် ပါကစ္စတန်လုံမများ




ပါကစ္စတန် နိုင်ငံတွင် ပါကစ္စတန် ဒီဇိုင်း ကောင်စီက ကြီးမှူး ကျင်းပသော (၂၀၁၂)ခုနှစ်
အပတ်စဉ်ဖက်ရှင်ရှိုးပွဲ
 ကျင်းပခဲ့သည်။ ထိုနိုင်ငံသည် အရောင်သွေးမျိုးစုံ သော ချည်ထည်ပိတ်စထုတ်လုပ်မှုတွင် ကမ္ဘာ့စတုတ္ထအဆင့်တွင်ရှိသည်။

လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို မခံချင်ဘူး၊ နာမည်ကြီးမဖြစ်ချင်ဘူးလို့ဆိုတဲ့ ခရစ္စတင်းစတီးဝပ်


The Twilight Saga  မှာ ဘယ်လာစွမ်းအဖြစ် သရုပ်ဆောင်ရာက လူသိများလာတဲ့ ခရစ္စတင်းစတီးဝပ်ကို အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ်မြို့မှာ ၁၉၉၀ ဧပြီ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး  ဖခင်က ဇာတ်စင်မန်နေဂျာနဲ့ ရုပ်မြင်သံကြား ထုတ်လုပ်သူဖြစ်ပြီး Fox ရုပ်သံအတွက် အလုပ်လုပ်သူပါ။

သီချင်းဆိုရင်ကြုံရတဲ့ အခက် အခဲတွေက သရုပ်ဆောင်လုပ်ရင်းကြုံရတဲ့ အခက်အခဲတွေနဲ့ယှဉ်လိုက်ရင် နည်းသေးတယ်လို့ဆိုတဲ့ ဆုပန်ထွာ


သရုပ်ဆောင် ရိုတ သီဆိုထားတဲ့ စပွန်ဆာ တေး စီးရီးကို ဗီစီဒီ ရိုက်ကူးတဲ့ အခါ၊သရုပ်ဆောင်အတော် များများက ကူညီ
 သရုပ်ဆောင် ပေးကြတာ သတိထား မိပါတယ်။ စပွန်ဆာဗီစီဒီမှာ ပါဝင်သရုပ်ဆောင်ပေးသူ တစ်ဦးဖြစ်တဲ့ ဆုပန်ထွာက
“ရိုတရဲ့စီးရီးဗီစီဒီရိုက် တယ်ဆိုတော့ အတော်များများက ရိုတကိုချစ်ခင်စိတ်နဲ့ သရုပ်ဆောင်ပေးကြတာပေါ့နော်။

အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင်


အရေးနှင့်အဆို အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင်အရေးနှင့်အဆို အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင် တေးသီချင်းတစ်ပုဒ် ပေါက်ရင်ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေ
 ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်းတွေမှာ ကြားရလေ့ ရှိပါတယ်။ 

မွေးရပ်မြေ မော်လမြိုင်မြို့ အကြောင်း ပြောပြတဲ့ နန္ဒာလှိုင်


နယ်က တတ်လာလို့ အောင်မြင်အောင် လုပ်ချင်တယ်။ မအောင်မြင်ဘဲနဲ့ မျက်နှာငယ်ပြီး နယ်ကိုမပြန်ချင်ဘူး နန္ဒာလှိုင်ငယ်စဉ်မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်းချစ်မြတ်နိုးတွယ်တာတတ်ကြပါတယ်။ အရွယ်ရောက်လို့ 
ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့သူတွေ ရှိပါတယ်။ 

အိမ်ထောင်ရေးမှာ မအောင်မြင်တာ ညံ့တယ်လို့ မြင်ပါတယ် စိုးမြတ်သူဇာ



အနုပညာ သမားတွေဟာ အိမ်ထောင်ရေး ကံမကောင်း တတ်ဘူးလို့ ထင် မြင်သူ၊
မှတ်ချက်ချသူတွေရှိတာကြောင့်၊ 
အကယ်ဒမီ စိုးမြတ်သူဇာရဲ့ အမြင်ကို မေးကြည့်တော့ သူမပြန်လည်ဖြေကြားလာ တဲ့စကားလုံးတွေက အမြဲမှတ်မှတ်ရရ ဖြစ် စရာကောင်းနေတာကြောင့်၊ ပရိသတ်ကြီးဖတ်ရှုရန်အတွက် ဖော်ပြပေးလိုက်ရ ပါတယ်။

ရလဒ်ကောင်းမွန်သည့် ခရီးစဉ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း








အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်သည် ကောင်းမွန်သော ခရီးစဉ်ဖြစ်ကြောင်း ယနေ့ ရွှေဂုံတိုင် ရန်ကုန်ရုံးချုပ်တွင် တနာရီခွဲကျော်ကြာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မီဒီယာများကို ရှင်းပြခဲ့သည်ဟု တက်ရောက်ခဲ့သည့် ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်



လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။

နေပြည်တော်မှာ ဘုန်းတော်ကြီးကျောင်း (၁၅ကျောင်း) ခန့်မီးရှိုဖျက်စီးခံရ





Ref: Myanmar News Now