Pages

Tuesday, June 26, 2012

ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်ရန်စီစဉ်


ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်ရန်စီစဉ်



ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အ များပိုင်ကုမ္ပဏီလီမိတက်ကို ဇွန် ၂၇ ရက်တွင် စတင်ထူထောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ၏ အတွင်းရေး မှူးဖြစ်သော ဦးထုံရွှေဆိုင်မှ ဦး ကျော်ဝင်းကပြောသည်။

ဒေါ်လာတန်ဖိုးတက်၊ ၀ယ်သူများ၍ ငွေလဲလှယ်ရေးကောင်တာများ စောပိတ်


ဒေါ်လာတန်ဖိုးတက်၊ ၀ယ်သူများ၍ ငွေလဲလှယ်ရေးကောင်တာများ စောပိတ်


ငွေလဲကောင်တာများက ရောင်းချ ပေးနေသော ငွေလဲနှုန်းဈေးနှင့် ပြင်ပပေါက်ဈေးတွင် ဖြစ်ပေါ်နေ သော ငွေလဲနှုန်းဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ်လာလျှင် ရှစ်ကျပ်ခန့်ထိ ဈေးကွာလာသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်အဖိုးတန်အမှိုက်ပုံးပျောက်ဆုံးမှုမှာ ကူးပြောင်းဆဲကာလတွင် ဖြစ်သင့်သည့်အခြေအနေမဟုတ်

ရန်ကုန်တိုင်းဒေသကြီးတွင်အဖိုးတန်အမှိုက်ပုံးပျောက်ဆုံးမှုမှာ ကူးပြောင်းဆဲကာလတွင် ဖြစ်သင့်သည့်အခြေအနေမဟုတ်





ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာရေး ကော်မတီမှ ရပ်ကွက်များ၌ (၆၆၀)လီတာဆန် ငွေကျပ် သုံးသိန်း ခွဲတန် အမှိုက်ပုံးများချထားပေးရာ (၅)ရက်အတွင်း အမှိုက်ပုံးအသစ်တစ်လုံးပျောက်ဆုံးသွားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။ 

မောင်တောမြို့နယ်တွင် နှစ်လအတွင်း တန်ဖိုးနည်းအိမ်ရာအလုံး(၄၀၀)ကျော်ဆောက်မည်

မောင်တောမြို့နယ်တွင် နှစ်လအတွင်း တန်ဖိုးနည်းအိမ်ရာအလုံး(၄၀၀)ကျော်ဆောက်မည်


ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်မှမီးလောင်ပျက်စီးသွားသောကျေးရွာများအား (၂)လ အတွင်း တန်ဖိုးနည်းအိမ်ယာ များပြန်လည် တည်ဆောက်ရန် အစိုးရက ညွှန်ကြားထားကြောင်း၈၈မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်က   သိရှိရသည်။

Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ထုတ်ပြန်


 Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က  “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ  မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ထုတ်ပြန်

Photo: Win-Win Solution “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ ၂ဝ၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ကို Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

နအဖ စစ်အစိုးရ လက်ထက် ၁၉၉ဝ ခုနှစ်ကစလို့ ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်း ချမှတ် ဆောင်ရွက်ခဲ့တာတွေဟာ
 အောင်မြင်မှု မရှိတဲ့အပြင် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးမှု မြင့်တက်လာပြီး ယာဘ စိတ်ကြွ ဆေးပြားတွေပါ အများအပြား ထုတ်လုပ် သုံးစွဲလာတာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Shan Drug Watch အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ်အတွင်း စစ်တမ်း ကောက်ယူပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

 ဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး
အဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း က ဓာတ်ပုံ အထောက်အထားတွေနဲ့ အတူ ရှင်းလင်းပြခဲ့ပါတယ်။

 ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံသူတွေဟာ ထိုင်း-မြန်မာနယ်စပ်က ပြည်သူ့စစ်
အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ ယာဘ စိတ်ကြွ ဆေးပြားတွေ ထုတ်လုပ် နေကြကြောင်း၊ ပြီးခဲ့တဲ့နှစ်က ယာဘဆေးပြား တပြားကို ကျပ် ၁ ထောင့် ၂ ရာ ရှိရာကနေ ပြီးခဲ့တဲ့လက နမ့်ခမ်းမြို့နယ် အတွင်းမှာ ကျပ် ၅ ရာလောက်နဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အထိ ဖြစ်လာနေတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။ 

အခုလို ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဟာ ဒေသတွင်း တည်ငြိမ်မှု မရှိဘဲ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတဲ့အတွက်  အချိန်တိုတိုနဲ့ အလွယ်တကူ ငွေရနိုင်တဲ့ ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင် လာကြတာလို့လည်း ဆိုပါတယ်။ 

ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက် သွားဖို့အတွက် အစိုးရနဲ့ လက်နက်ကိုင်
အဖွဲ့တွေ တဘက်နဲ့ တဘက် ရန်သူလို သဘောမထားဘဲ နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေး ဖြေရှင်းသင့်ကြောင်းလည်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ပြောဆို လိုက်ပါတယ်။



Win-Win Solution “သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့် နည်းလမ်း” အမည်ရှိ ၂ဝ၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစောင်ကို 

Shan Drug Watch (ခေါ်) ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းယာယီပတ်စ်ပို့လုပ်ပေးမည်ဟုဆိုကာ မြန်မာအချင်းချင်းငွေလိမ်ယူမှုများရှိနေ

ထိုင်းယာယီပတ်စ်ပို့လုပ်ပေးမည်ဟုဆိုကာ မြန်မာအချင်းချင်းငွေလိမ်ယူမှုများရှိနေ


ထိုင်းနိုင်ငံတွင် လက်တလောပြုလုပ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ပြုလုပ်မည်ဟုဆိုကာ   မြန်မာတိုင်းရင်းသား အချင်းချင်း ငွေလိမ်လည်ယူဆောင်တိမ်းရှောင်မှုများရှိနေကြောင်း သိရှိရသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် ၀န်ကြီးဦးအောင်မင်းဘန်ကောက်တွင် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် ၀န်ကြီးဦးအောင်မင်းဘန်ကောက်တွင် တွေ့ဆုံ


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက နိုင်ငံရေးပါတီအဖြစ် မြန်မာနိုင်ငံတွင် ရပ်တည်ခွင့်ရရှိရန်အတွက်  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ဇွန်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Four Wings ဟိုတယ်တွင် နှစ်နာရီကြာတွေ့ဆုံခဲ့သည်။

နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center (NOC)အတွက်အကျိုးတူဆောင်ရွက် ရန် လုပ်ငန်းရှင်များအား ဆက်သွယ်ရေးမှ ကမ်းလှမ်း

နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center (NOC)အတွက်အကျိုးတူဆောင်ရွက် လုပ်ငန်းရှင်များအား ဆက်သွယ်ရေးမှ ကမ်းလှမ်း


မကြာခင်လပိုင်းအတွင်း နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center (NOC)အတွက်အကျိုးတူဆောင်ရွက် လိုသော ကုမ္ပဏီများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

မြန်မာပြည်က အလုပ်သမားထုအတွက် အဆိုတော်သားစိုးရဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု


မြန်မာပြည်က အလုပ်သမားထုအတွက် အဆိုတော်သားစိုးရဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု

Photo: မြန်မာပြည်က အလုပ်သမားထုအတွက် အဆိုတော်သားစိုးရဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု

နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက် အလုပ်အကိုင်ရှာဖွေတာနဲ့ပတ်သက်လို့ ရာသက်ပန် အခမဲ့ဝန်ဆောင်မှု အင်တာနက်ဝက်ဘက်ဆိုဒ် မိတ်ဆက်ပွဲအခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ အလုပ်အေဂျင်စီတွေကနေ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့
အခကြေးငွေမတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာ ဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက် ၀က်ဘ်ဆိုဒ် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးတာဖြစ်တယ်လို့ အဆိုတော် သားစိုးက RFA ကိုပြောပါတယ်။

"အလုပ်သမားတွေအတွက် အခမဲ့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖွင့်လိုက်တာပါ။ ၀က်ဘ်ဆိုဒ်ကို ပေါ့နော်။ အလုပ်သမားတွေကို ရာသက်ပန် အခမဲ့ လုပ်ပေးပါတယ်။ ပြီးတော့ အလုပ်ရှင်တွေကို တနှစ် free ပေးထားပါတယ်။ ဒီ မြန်မာနိုင်ငံမှာက အလုပ်သမားတွေက အလုပ်အေဂျင်စီတွေကို သွားရင် ၀န်ဆောင်ခကို တောင်းတယ်။ ဒါ့အပြင် ပထမဆုံးရတဲ့ လစာရဲ့ တ၀က်အထိကို လိုက်တောင်းတယ်။ တချို့ဆိုရင် တစ်လစာ ကို ယူတယ်။ အဲဒီလို မတရားမှုတွေ ဖြစ်နေတဲ့အတွကကြောင်း ကျနော်က free ၀က်ဘ်ဆဒ်နဲ့ တင်ပေးလိုက်တာပါ။ အဲဒီကတော့ ဒီအလုပ်သမားထုပေါ့နော်။ အေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့အလုပ်ကို
ရွေးလို့ ရမယ်။ အလုပ်ရှင်တွေအကြောင်းကိုလည်း အလုပ်ရှင်က အလုပ်သမားတွေကို ခေါ်တဲ့အခါမှာ သူတို့ background သူတို့ ပေးနိုင်မယ့်လစာ၊ အလုပ်ချိန်စသဖြင့် တရားဝင် ပွင့်ပွင့်လင်းလင်း
ရေးပြီး ခေါ်လို့ ရအောင် ကျနော်လုပ်သွားမှာပါ။ ဒီကိစ္စကိုလည်း အလုပ်သမား ၀န်ကြီးဌာနကို တရားဝင် မှတ်ပုံတင်ပြီး လုပ်ပေးမှာပါ။"

www.myanmarbestjob.com အမည်နဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး ဖေဖေါ်ဝါရီလကတည်းက စတင်ဆောင်ရွက်နေပေမယ့် အခုမှ တရားဝင်ဖြစ်အောင် ကြေညာလိုက်တာလို့ ကိုသားစိုးက ဆိုပါတယ်။

ဒါ့အပြင် နာမည်ကျော် အနုပညာရှင်အများစု ပါဝင်တဲ့ မြန်မာချစ်သူအဖွဲ့ ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် မနေ့ကစတင်ပြီး အလှုငွေတွေကို ကိုယ်တိုင်လည်း ထည့်ဝင်ကြသလို လှူဖွယ်ပစ္စည်းတွေ ကိုလည်းလက်ခံနေပြီး မကြာခင် ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်း မှာဖြစ်တယ်လို့ ကိုသားစိုးကပြောသွားပါတယ်။

နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက် အလုပ်အကိုင်ရှာဖွေတာနဲ့ပတ်သက်လို့ ရာသက်ပန် အခမဲ့ဝန်ဆောင်မှု အင်တာနက်ဝက်ဘက်ဆိုဒ် မိတ်ဆက်ပွဲအခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

စည်းကမ်းမဲ့ လိုင်းကားများ ရပ်ကွက်အတွင်း လမ်းအား အသုံးပြုမှုကြောင့် လမ်းပျက်စီ


စည်းကမ်းမဲ့ လိုင်းကားများ ရပ်ကွက်အတွင်း လမ်းအား အသုံးပြုမှုကြောင့် လမ်းပျက်စီ


 ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် လုပ်သား ပြည်သူများမှ မိမိတို့ ချွေးနည်းစာဖြင့်
ကိုယ်ထူကိုယ်ထ ခင်းကျင်းထားသည့် ဗဟိုလမ်း (ကတ္တရာခင်း) လမ်းအား လိုင်းကား အမျိုးမျိုးတို့မှ တနင်္လာ
မှ သောကြာနေ့ အထိ ဖြတ်သန်းသွားလာခြင်းကြောင့်လမ်းများ ပျက်စီးလျှက်ရှိပါသည်။

လုပ်အားခေါင်း ပုံဖြတ်နေ ခြင်းကို လုံးဝအကာ အကွယ် ပေးသွားမည်


လုပ်အားခေါင်း ပုံဖြတ်နေ ခြင်းကို လုံးဝအကာ အကွယ် ပေးသွားမည်


လုပ်အားခေါင်း ပုံဖြတ်ခံရတဲ့  မြန်မာအလုပ် သမားများ
အလုပ် သမားများ၏ လုပ်အားခေါင်း ပုံဖြတ်ခံ ရခြင်းမှ အကာအ ကွယ်ပေးနိုင်ရန် ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို


လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို


မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

Photo:Myanmar President Office Web site
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင်
ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး
ဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြော
ကြားနေစဉ်။

ဆန္ဒပြ Famoso အလုပ်သမား များအား အလုပ်ထုတ် ပစ်မည်ဟု သူဌေး အကြပ်ကိုင်


ဆန္ဒပြ Famoso အလုပ်သမား များအား အလုပ်ထုတ် ပစ်မည်ဟု သူဌေး အကြပ်ကိုင်






ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

“အလုပ်ရှင်ကတော့ လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက ဒီအလုပ်ကို မဝင်ရင် သမီးတို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်” ဟု မဇ္ဈိမကို ပြောသည်။

လမ်းစည်းကမ်း မလိုက်နာ၍ ဖမ်းဆီး တရားစွဲခံ ရသူများ ထဲမှ သုံးပုံတစ်ပုံမှာ ဒဏ်ငွေ မဆောင်နိုင် သူများ ဖြစ်


လမ်းစည်းကမ်း မလိုက်နာ၍ ဖမ်းဆီး တရားစွဲခံ ရသူများ ထဲမှ သုံးပုံတစ်ပုံမှာ ဒဏ်ငွေ
မဆောင်နိုင် သူများ ဖြစ် 

လမ်းစည်းကမ်း မလိုက်နာ၍ ဖမ်းဆီး တရားစွဲခံ ရသူများ ထဲမှ သုံးပုံတစ်ပုံမှာ ဒဏ်ငွေ
မဆောင်နိုင် သူများ ဖြစ် သည် ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ် မှု ကော်မတီမှ အရာရှိတစ်ဦးက ပြောသည်။ လမ်းစည်း ကမ်း မလိုက်နာ သူများအား တစ်နေ့လျှင် ဦးရေ ၂၀ မှ ၆၀ အထိ ဖမ်းဆီးရရှိပြီး ဖမ်းဆီးမိသူ အားလုံးထံမှ ဒဏ်ကြေးငွေ အပြည့်အဝ ရရှိခြင်းမရှိဟု ဆိုသည်။