Pages
Tuesday, June 19, 2012
Reloadable Virtual Visa Card ပြည်တွင်း၌အသုံးပြုနိုင်ပြီ
Reloadable Virtual Visa Card ပြည်တွင်း၌အသုံးပြုနိုင်ပြီ
Reloadable Virtual Visa Card ပြည်တွင်း၌အသုံးပြုနိုင်ပြီ
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှုလက်ခံသော ၀က်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူကပြောသည်။ 
ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းမူ အလုပ်သမားရေးရာခုံရုံးကို တင်ပြတောင်းဆို
 ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းမူ
အလုပ်သမားရေးရာခုံရုံးတင်ပြတောင်းဆို
(Photo-RFA-၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် အလုပ်သမားအခွင့်အရေး ဥပဒေနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။)
ရန်ကုန် မင်္ဂလာဒုံ စက်မှုဇုန် မှာရှိတဲ့ ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို မလိုက်လျောတဲ့အတွက်ဒီကနေ့ ရန်ကုန်တိုင်း အလုပ်သမားရေးရာခုံရုံးကို တင်ပြလိုက်ကြောင်း အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ဒီလ ၉ ရက်နေ့ ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပေမယ့် မလိုက်လျောတဲ့အတွက် အခုလို ဆက်လက်တင်ပြရတာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းစိုးက အခုလိုပြောပြပါတယ်။
ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား
 ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား
 ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်
ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။
အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်း ဖွင့်လှစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်း ဖွင့်လှစ်
Photo: ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
 ဒီအခမဲ့ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။
“ မနက်ပိုင်းမှာ အမေစုရဲ့ မွေးနေ့မင်္ဂလာအဖြစ် မြို့ပေါ်ရှိကျောင်းပေါင်းစုံက သံဃာတော်(၁၀)ပါးကို မုန့်ဟတင်းခါးဆွမ်း ဆပ်ကပ်တယ်ပေါ့ဗျာ၊ ဒီလာတဲ့ ပရိသတ်ကိုတော့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားနဲ့ ဧည့်ခံကျွေးမွေးပြီးတော့
 ကျောင်းဖွင့်ပွဲအခမ်းအနားကို (၇း၁၅)မိနစ်မှာ စဖြစ်တယ်ပေါ့ဗျာ၊ အဲဒီမှာ အမေ့အိမ် ကျောင်းအုပ်ကြီး ဦးအေးဘိုနဲ့ ကျနော်တို့ ဟင်္သာတမြို့ ဓမ္မဗိမ္မာန် ကျောင်းတိုက်မှ ဆရာတော်တို့က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ပေး
တယ်၊ (၉)တန်းက အယောက်(၅၀)နဲ့ (၁၀)တန်းက (၁၀၂)ယောက်ပေါ့။ ကလေးတွေကအားလုံး ဒီကနေ့ အကုန်လာကြတယ်၊ ကျောင်းစိမ်းလေးတွေ ဝတ်ပြီးတော့ အလံလေးတွေ ဝှေ့ယမ်းပြီးတော့ အမေစု ကျန်းမာပါစေ ဆိုပြီးတော့ ၀ိုင်းပြီးဆုတောင်းကြတယ်ပေါ့နော်”
 ဒီကနေ့ကျောင်းဖွင့်ပွဲ အခမ်းအနားကို (၈၈)မျိုးဆက်ကျောင်းသား
များဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်း၊ ကိုမာကီးနဲ့ မစုစုနွေးတို့ အပါအဝင် ပရိသတ်(၃၀၀)ခန့် တက်ရောက်ခဲ့ပြီး အလှူငွေ (၆)သိန်းကျော် လက်ခံရရှိတယ်လို့ သိရပါတယ်။
အလားတူပဲ ချောင်းသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ချောင်းသာ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ကြပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ နှစ် အထိမ်းအမှတ် ဂဏန်း ၆၇ ကောင်ကို ဘေးမဲ့လွှတ်ခဲ့ကြကြောင်း၊ အရင်နှစ်တွေက
 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုပွဲတွေကို ချောင်းသာမှာ လျှို့ဝှက် လုပ်ခဲ့ကြပေမယ့် ဒီနှစ်တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းပြီး NLD ရုံးမှာ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပတာလို့လည်း သိရပါတယ်။
ချောင်းသာမြို့ နယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ဒီအခမဲ့ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။
ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား
ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင်  အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ရွှေလောင်းရွာပိုက်ဆိပ်ရှိ ဘင်္ဂလီမူဆလင်များမှ ကူတောင်အောက်ရွာကို ယနေ့နံနက် ၆နာရီခန့်က စတင်မီးရှို့ရာ၊ ရခိုင်အိမ် ၅အိမ် မီးရှို့ခံခဲ့ရကြောင်းသိရှိရသည်။
Microsoft ၏ Surface Tablet ကွန်ပျူတာ မိတ်ဆက်ပြသ
Microsoft ၏ Surface Tablet ကွန်ပျူတာ မိတ်ဆက်ပြသ
Microsoft ကော်ပိုရေးရှင်းကြီးသည် ၎င်းတို့ အသစ်ထုတ်လုပ်မည့် Windows 8သုံး Tablet ကွန်ပျူတာ အမျိုးအစားသစ်ကို မိတ်ဆက် ပြသလိုက်သည်။ မဟာပြိုင်ဘက် Apple၏ Tabletများဖြစ်သော iPadတို့သည် ကမ္ဘာ့ဈေးကွက်တွင် ကြီးစိုး မင်းမူနေခြင်းကို တုံ့ပြန်ရန်အတွက် OSစနစ် မတူညီသည့် Microsoft Surface Proနှင့် Microsoft Surface RT အမျိုးအစား Tablet ကွန်ပျူတာများအား အမေရိကန် ကုမ္ပဏီကြီးက ထုတ်လုပ် ရောင်းချမည် ဖြစ်သည်။
အာရှတိုက်သားတွေ မချမ်းသာခင် အိုမင်းနေကြပြီ
အာရှတိုက်သားတွေ မချမ်းသာခင် အိုမင်းနေကြပြီ
အာရှဒေသရှိ လူဦးရေအချိုးအစားဟာ အလျင်အမြန်ကိုပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အပါဝင် ဖြစ်ပါတယ်။ ယခုအချိန်က စတင်ရေတွက်ပြီး လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ အာရှမှာ အသက် ၆၀ ကျော်ရှိတဲ့လူဦးရေက ကလေးဦးရေထက် ပိုများပြားလာပါလိမ့်မယ်။
လက်ရှိအချိန်အထိတော့ မြန်မာ နိုင်ငံမှာ သက်ကြီးရွယ်အို ၅ ဒသမ ၅ သန်း ရှိပြီး ၂၀၂၅ နှစ်ကျရင်တော့ ဒီအရေ အတွက်ဟာ နှစ်ဆ ဖြစ်လာပါလိမ့်မယ်။
တန်ဖိုးနည်း မိုဘိုင်းဖုန်း များ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း အားနည်းနေဆဲ
တန်ဖိုးနည်း မိုဘိုင်းဖုန်း များ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း အားနည်းနေဆဲ
အများပြည်သူများ လွယ်လွယ်ကူကူ ၀ယ်ယူသုံးစွဲနိုင်သည့် တန်ဖိုးနည်းမိုဘိုင်း ဖုန်းများတွင် နည်းပညာပိုင်းနှင့် အရည်အသွေးများ လိုအပ်ချက်ကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဖြစ်အများဆုံးအဖြစ် တန်ဖိုးနည်း ဖုန်းများ၏ ဆင်းမ်ကတ်ပျက်စီးခြင်းများ၊ အရည်အသွေးညံ့ဟန်းဆက်များ အများအပြား ၀င်ရောက်နေခြင်းတို့ဖြစ်သည်။
ရခိုင်ပြည်နယ်မှ အရေးအခင်းများသည် ဘာသာရေးပဋိပက္ခများကြောင့်မဟုတ်
ရခိုင်ပြည်နယ်မှ အရေးအခင်းများသည် ဘာသာရေးပဋိပက္ခများကြောင့်မဟုတ်
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေ များအား ရှင်းရှင်းလင်းလင်း ရပ်တန့်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပြည်သူလူထုအားလုံး ပါဝင်ကြိုးပမ်းကြရန် နိုင်ငံရေးအင်အားစုများက တိုက်တွန်းလိုက်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပြောကြားသော မိန့်ခွန်းအပြည့်အစုံ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်  ပြောကြားသော မိန့်ခွန်းအပြည့်အစုံ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ပထွက်ခွာစိစစ်ရေးရုံးအနီးရှိလူလိမ်ပွဲစားများအကြောင်းအမျိုးမျိုးပြ၍ ငွေသောင်းချီကာလိမ်လည်ရှိ
ပြည်ပထွက်ခွာစိစစ်ရေးရုံးအနီးရှိလူလိမ်ပွဲစားများအကြောင်းအမျိုးမျိုးပြ၍ ငွေသောင်းချီကာလိမ်လည်ရှိ
ပြည်တွင်းအခွန်များဦးစီးဌာန  ၀င်ငွေခွန်ဌာနခွဲပြည်ပသို့ထွက်ခွာ မည့်သူများအား စိစစ်ရေးအဖွဲ့ (ပ.ပ.ထ.ဖ) ရုံးအနီးရှိ ပွဲစားများ အနေဖြင့် ပုံစံ (၁၉) လာရောက် လျှောက်ထားသည့် မိဘပြည်သူ  များထံမှအကြောင်းအမျိုးမျိုးပြ၍ ငွေသောင်းချီကာလိမ်လည်နေလျက်  ရှိကြောင်း ပြည်သူများ၏ပြောပြ ချက်အရစုံစမ်းသိရှိရသည်။
““တက္ကစီပေါ်ကဆင်းပြီး ပုံစံ (၁၉) ရုံးကို သွားဖို့ပဲရှိသေးတယ်။ ၅၀၀ ပဲပေးရမယ် ၅၀၀ ပဲပေးရ မယ်ဆိုပြီးတော့ ပွဲစားတွေ အမေ ကြီးနားကို အုံလာကြတယ်။ အမေ  ကြီးကိုင်ထားတဲ့ စာရွက်စာတမ်း ဖိုင်ကို အဲဒီပွဲစားတွေထဲကတစ် ယောက်က ဆွဲလုပြီး သူ့ကို ၀န်ဆောင်ခ ၅၀၀ ပဲပေး။ အကုန်   အပြီးအစီးလိုက်လုပ်ပေးမယ်လို့ပြော  တယ်။ သူတောင်းတာကလည်း ၅၀၀ အမေကလည်းအသက်ကြီး  လာတော့ သိပ်နားမလည်တာရယ်  လည်လည်ပတ်ပတ်မရှိတာကြောင့် အဲဒီ ပွဲစားကလေးမလေးကို လုပ် ပေးဖို့အပ်လိုက်တာ အစကတော့  တောင်းတာ ၅၀၀ ပါပဲ နောက် လည်းကြရော မိတ္တူကြေးတွေရော  တိုကင်ကြေးတွေရောအများကြီးပဲ ပေါင်းလိုက်တော့သောင်းဂဏန်း ကပ်နေပြီကိုယ်ကလည်းဘာမှနားမ လည်တော့ပေးလိုက်တာပေါ့။
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် တရားမ၀င်ပြည့် တန်ဆာ အိမ်များ လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေ
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် တရားမ၀င်ပြည့် တန်ဆာ အိမ်များ လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေ
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့  အတွင်းရှိ အချို့သော လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာ
အိမ်များ လုံးဝပပျောက်သေးခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။
မယ်ထင်တာပေါ့.. ပြီးတော့ ဒီပြည့်တန်ဆာအိမ်တွေကြောင့် ဒီရပ်ကွက်ကပါလို့ ကိုယ့်ကိုယ်ကို မပြောရဲရှာတဲ့ သမီးပျိုတွေအတွက်လည်း အခြေအနေတွေကောင်းလာတော့မယ်ထင်တာပေါ့။
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာပြီးဆုံး
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာပြီးဆုံး
အစည်းဝေးပွဲကျင်းပနေစဉ်
ဒီလ(၁၆)ရက်ကစတင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး ဟာ ဒီကနေ့ပြီးဆုံးပါတယ်။
အဲဒီဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံအနှံက ဗဟိုကော်မတီဝင်တွေတက်ရောက်ကြသလို ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်း
ဆောင် လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့် ကလည်း ပါတီဝင်အဖြစ် တက်ရောက်ကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကမီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကိုပို့
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကမီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကိုပို့
2012-06-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကို မနေ့ညက ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
မနေ့ ညက ရောက်လာတာလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်တွေထာင်ကို ပို့လိုက်သူ ၉ ဦးရှိတယ်လို့ သိရပါတယ်။
"ရခိုင် ၉ ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင်ပေါ့။ ဒီမီးရှို့မှုနဲ့ပေါ့၊ ဒီကုလား ရခိုင်အဓိကရုဏ်းမှာပါတဲ့ အဲဒီလူတွေကို မနေ့ကည ၉ နာရီမှာ စစ်တွေကိုပို့လို့ ထောင်အချုပ်ထဲမှာ ရှိနေပါတယ်။ ပုဒ်မတပ်ပြီးတော့ တရားစွဲမယ်လေ။ အဲဒီလိုပြောသံကြားတယ်"
RANGON NEWS DAILY မိသားစုမှ ၁၉.၆.၂၀၁၂ မှာကျရောက်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေဆုရှင် လူထုခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် (၆၇)နှစ်မြောက် မွေးနေ့ ဆုတောင်း
RANGON NEWS DAILY မိသားစုမှ ၁၉.၆.၂၀၁၂ မှာကျရောက်တဲ့  နိုဘယ်လ်ငြိမ်းချမ်းရေဆုရှင်
 လူထုခါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်  (၆၇)နှစ်မြောက်
 မွေးနေ့ ဆုတောင်း
၁၉.၆.၂၀၁၂ မှာကျရောက်တဲ့ အမေစုအမေစုရဲ့ (၆၇)နှစ် မွေးနေ့မှသည် နှစ်၁၀၀ တိုင်အောင် အောင်မြင်မူပျော်ရွင်မူများ
ရပါစေလို့ Rangon News Daily မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် အမေ။
မြန်မာပြည်သူတွေအတွက် နေမင်းကြီးလို အလင်းရောင် ပေးနိုင်သလို လမင်းကြီးလို အေးမြမှုတွေ၊ လုံခြုံမှုတွေ အကာအကွယ်တွေ
 ပေးနိုင်တဲ့ ကျွန်တော်တို့ အားလုံးရဲ့ မိခင်ကြီးအမေစု ဘေးဘယာကင်းကွာပြီး အသက်ရာကျော် ရှည်ပါစေ..။