Pages

Sunday, June 17, 2012

စစ်တွေမြို့ သံဃာ့ဂိုဏ်းပေါင်းစုံ သာရေးနာရေးအသင်းမှ ဘင်္ဂါလီအရေးအတွက် အစိုးရထံ ကြေငြာချက် ထုတ်ပြီ

စစ်တွေမြို့ သံဃာ့ဂိုဏ်းပေါင်းစုံ သာရေးနာရေးအသင်းမှ ဘင်္ဂါလီအရေးအတွက် အစိုးရထံ ကြေငြာချက် ထုတ်ပြီ

စစ်တွေမြို့ သံဃာ့ဂိုဏ်းပေါင်းစုံ သာရေးနာရေးအသင်းမှ ယနေ့ဇွန်လ ၁၇ နေ့လည် ၁ နာရီ ၃၀ မိနစ်မှ ညနေ ၄နာရီ ၃၀ မိနစ်အထိ အစည်းအဝေးပြုလုပ်ပြီးနောက် ၄င်းတို့၏ လိုလားချက် သုံးခုအား အစိုးရထံ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်ပြီဖြစ်သည်။

သံဃာ့ဂိုဏ်းပေါင်းစုံပါဝင်သော ယင်းအဖွဲ့၏တောင်းဆိုချက်သုံးခုမှာ-
(၁) ဘင်္ဂါလီလူမျိုးများကို ရခိုင်လူမျိုးများနှင့် ဝေးရာသို့ ပို့ရန်
(၂) ရခိုင်နှင့် ဘင်္ဂါလီတို့ကြားတွင် လုံခြုံရေးအတွက် လုံခြုံရေးတပ်ချထားပေးရန်
(၃) နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသော ဘင်္ဂါလီလူမျိုးများကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင်း မထားရှိရန် တို့ဖြစ်သည်။

၎င်းအပြင် အဆိုင်ပါအဖွဲ့အနေဖြင့် တိုင်းရင်းသား ဒကာဒကာမများအား ဘင်္ဂါလီတို့၏ စားသောက်လူသုံးကုန်ပစ္စည်း
ဆိုင်များတွင် စားသောက်ဝယ်ယူခြင်းများ မပြုလုပ်ကြရန်အပြင် မိမိတို့၏ လုပ်ငန်းများ၊ အိမ်များတွင် ခေါ်ယူ
ခိုင်းစေခြင်းများ မပြုလုပ်ကြရန်ပါ ညွှန်ကြားတားမြစ်မည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။ 

မိုးမြင့်မြတ်

Popular Myanmar Journal

တရုတ်တည်ဆောက်ပေးသည့် ဆိပ်ကမ်းသစ်အား သီရိလင်္ကာ စတင်ဖွင့်လှစ်


သီရိလင်္ကာရှိ တရုတ်တည်ဆောက်ပေးခဲ့သော ဟမ်ဘမ်တိုတာဆိပ်ကမ်းတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို ဇွန်လ ၆ ရက်က တွေ့ရစဉ်
သီရိလင်္ကာအတွက် တရုတ် တည်ဆောက်ပေးသည့် ပထမဆုံး ရေနက်ဆိပ်ကမ်းကို အိန္ဒိယမှ သယ်ဆောင်လာသော ကား ၁၀၀၀ စတင် ရောက်ရှိလာခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ 

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျသည့် အဆိုပါ ရေနက်ဆိပ်ကမ်းသည် တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်မားစွာ ရှိနေခြင်းကို ထင်ရှားစေခဲ့သည့် သင်္ကေတတစ်ရပ် ဖြစ်သည်။ သီရိလင်္ကာသမ္မတ မဟိန္ဒြာရာဇာပက်ဆာ၏ မဲဆန္ဒနယ် ဟမ်ဘမ်တိုတာမြို့ တောင်ပိုင်းတွင် တည်ဆောက်ထားသည့် ယင်းဆိပ်ကမ်းသည် နေ့စဉ် နိုင်ငံတကာကုန်တင်သင်္ဘော ၂၀၀ မှ ၃၀၀ အကြား အသုံးပြုနိုင်မည်ဖြစ်သည်။ အာရှတွင် ကုန်တင်သင်္ဘောများအတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်သစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ခဲ့သော ထိုစီမံကိန်းသည် ဖွင့်လှစ်ရန် တစ်နှစ်ကြာ နှောင့်နှေးခဲ့သည်။ 

ကားမှောင်ခိုတင်သွင်းမှုတွင် ပါဝင်ပတ်သက်သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးအား အရေးယူ

ကားမှောင်ခိုတင်သွင်းမှုတွင် ပါဝင်ပတ်သက်သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးအား အရေးယူ


အစိုးရသစ်လက်ထက်တွင် ပထမဆုံး လာဘ်စားမှုများအပေါ် အရေယူးခြင်းအဖြစ် ကားမှောင်ခိုတင်သွင်းမှုတွင် ပါဝင်ပတ်သက်
သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးအား အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ပမှကားများအား ဥပဒေပ တင်သွင်းရာတွင် ပတ်သက်ခဲ့သည့် အကောက်ခွန်ဦးစီးဌာန ၀န်ထမ်း ၃၅ ဦးတွင် ညွှန်ကြားရေးမှူး အဆင့်ရှိသည့်အရာရှိ ၂ ဦးအား အလုပ်မှထုတ်ပယ်ကာ ကျန် ၃၃ ဦး အားစီးပွားရေးနှင့် မသက်ဆိုင်သည့် အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် လက်ရှိရာထူးများထက် တစ်ဆင့်လျှော့ကာ ပြောင်းရွှေ့စေမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “နှစ်ယောက်ကတော့ Dismiss ပါ။ ကျန်တဲ့ ၃၃ ယောက်ကတော့ ရာထူးတစ်ဆင့်ချပြီး အခြားစီးပွားရေးနဲ့ မသက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေကို ပြောင်းရွှေ့တာပါ။ စုစုပေါင်း အကောက်ခွန်ဦးစီးဌာနက ၃၅ ယောက်ပါ”ဟု ဇွန်လ ၁၅ ရက်နေ့က ဖြေကြားခဲ့ပါသည်။