Pages

Thursday, June 14, 2012

ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းကဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမူအခြေနေများကိုရှင်းလင်းပြောကြား

ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းကဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမူအခြေနေများကိုရှင်းလင်းပြောကြား

 
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံး
မှုများနှင့် ကယ်ဆယ်ရေးစခန်းများ၏ အခြေအနေကို ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက အောက်ပါအတိုင်းပြောကြားပါသည်။ 
 
Photo: ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှုများနှင့် ကယ်ဆယ်ရေးစခန်းများ၏ အခြေအနေကို ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက အောက်ပါအတိုင်းပြောကြားပါသည်။ 
"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် မီးလောင်ဖျက်ဆီးခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့ ၂၉ ဦးသေဆုံးခဲ့ပြီး ရခိုင်လူမျိုး ၁၃ ဦးနဲ့ မူစလင် ၁၆ ဦး ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် အားလုံးစုစုပေါင်း ၃၈ ဦးရှိပြီးတော့ ရခိုင်လူမျိုး ၁၆ ဦးနဲ့ မူစလင်လူမျိုး ၂၂ ဦးရှိပါတယ်။ ဒီကိန်းဂဏန်းတွေကတော့ ကျနော်တို့ ၁၃ ရက်နေ့အထိ ကျနော်တို့ ဖွဲ့စည်းထားတဲ့ စာရင်းဇယားရယူရေးအဖွဲ့နဲ့ တောက်လျှောက်ကောက်ခံရရှိထားတဲ့ စာရင်းဇယားအရ တင်ပြခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ စခန်းတွေအကြောင်း တင်ပြလိုပါတယ်။ ပရိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျနော်တို့ လက်ရှိဖွင့်ထားပါတယ်။ စုစုပေါင်း လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိသေးတဲ့ အချို့အချို့သော အဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့  မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင် ၂၄၅၇၆ ဦးရှိနေတာ တွေ့ရပါတယ်။ ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။ ရခိုင်လူမျိုးတွေ သင့်တော်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ ဖွင့်လှစ်ထားတာရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ စခန်း ၄ နေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့ မူစလင်စခန်း ၂ ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။

မနေ့ကစပြီးတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မနေ့ညကဆိုရင် မီးရှို့ဖျက်ဆီးဖို့ ကြံတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့နေရာက ၂ နေရာဖြစ်ပါတယ်။ တစ်နေရာမှာတော့ အဝတ်စတွေပါ ထိုးထည့်ထားတဲ့ ဓါတ်ဆီပုလင်း ၂၅ ပုလင်း၊ ပြင်ဆင်မှုလုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ထားတဲ့ ပုလင်းခွံ ၃၄ လုံး၊ ဓားတို့ ဓားမြောင်တို့ ဦးချွန်တို့ သစ်သားအရိုးတပ်မှန်တို့၊ သံချွန်တွေ၊ သံတူရွင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင် စစ်တွေ ကုန်းတန်းရပ်ကွက်မှာ ၂၃ ဦး ဖမ်းဆီးရမိပါတယ်။ နောက်ထပ် မီးရှို့ဖို့အတွက် တက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ၆ ဦးထပ်မိပါတယ်။ အားလုံး ၂၉ ဦးရှိပါတယ်။ ဒါကိုလဲ အမှတ် (၁) ရဲစခန်းကို အပ်နှံပြီးတော့ ကျင့်၁၅၁အရ ချုပ်နှောင်ထားရှိပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်အေးချမ်းမှု ရရှိနေပြီဖြစ်ပါတယ်။ " ဟု နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် မီးလောင်ဖျက်ဆီး
ခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်ရန်စီစဉ်

ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်ရန်စီစဉ် 
 

ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်ရန်စီစဉ်

 
 
 
 
 
 
    
 
 
 
 
 
    
 
 
ဇွန်လအတွင်းမှစတင်ကာ Debit Card များကိုသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ နေပြည်တော်၌ ဇွန်လ ၄ ရက်နေ့ကကျင်းပသည့် ဘဏ်များကြီးကြပ်ရေးကော်မတီက ကြီးမှူးဖွင့်လှစ်သော မြန်မာနိုင်ငံဘဏ်
သင်တန်းကျောင်း (နေပြည်တော်) ၏ အထွေထွေဘဏ်လုပ်ငန်းသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ
အခမ်းအနားတွင် ဘဏ်များကြီးကြပ်ရေးကော်မတီနာယက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးလှထွန်းက အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ
များတွင် ဖော်ပြထားသည်။ 

စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ

စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ 
 
ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန် ၁၂ ရက်ည ၁၁ နာရီခန့်က စစ်တွေမြို့ ကုန်းတန်းရပ်ကွက်နေ ဘင်္ဂါလီများ နထိုင်သည့် အောင်မင်္ဂလာကျေးရွာသွားသောလူအုပ်အယောက်တစ်ရာထဲမှ တုတ်၊ဓား၊ လှံ လက်နှက်များကိုင်ဆောင်ထားသည့် လူ ၂၉ ဦးဖမ်းမိလိုက်ကြောင်းသတင်းရရှိသည်။

လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal

ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးလုပ်သားများ ဆန္ဒပြပြီး ၁၄ရက်အကြာတောင်းဆိုချက် တွေ ရရှိပြီ

ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးလုပ်သားများ ဆန္ဒပြပြီး ၁၄ရက်အကြာတောင်းဆိုချက် တွေ ရရှိပြီ

ဇွန် ၁၄၊ ၂၀၁၂၊ YPI

 
ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများအား လုံထိန်းတပ်ဖွဲ့များက ရွှေမြင်တင် တောင်ခြေ၌ တားမြစ်ပိတ်ဆို့ထားစဉ် (ုဓါတ်ပုံ Ashin Vicittabhivamsa ဖေ့စ်ဘွတ်)

တပိုင်တနိုင် ရွှေတူးဖေါ်သည့် လုပ်ငန်းများဆက်လက် လုပ်ကိုင်ရန်ခက်ခဲ့သည့် သတ်မှတ်ချက်ကြောင့် ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးလုပ်သား ထောင်နှင့်ချီ ဆန္ဒပြပြီး ၁၄ရက်အကြာတွင် လုပ်သားများ၏ တောင်းဆိုချက်များ ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သဘောတူညီလိုက်ပြီဖြစ်သည်။

စင်ကာပူ(သို့မဟုတ်)ဘန်ကောက်ကို ဈေးဝယ်သွားခဲ့တဲ့ ပြေတီဦး ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့အကြောင်းပြောပြ

စင်ကာပူ(သို့မဟုတ်)ဘန်ကောက်ကို ဈေးဝယ်သွားခဲ့တဲ့ ပြေတီဦး ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့အကြောင်းပြောပြ

 

 ပြေတီဦးက ဇွန်လ၉ရက်မှာရန်ကုန်ကိုပြန်ရောက်ခဲ့တဲ့ သရုပ်ဆောင်ပြေတီဦးဟာ  တော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ဒါရိုက်တာကျော်ဇောလင်းတို့နဲ့ဗီဒီယို၁ကားစီရိုက်ပြီးစင်ကာပူ(သို့မဟုတ်) ဘန်ကောက်ကိုအလည်သွားခဲ့တာဖြစ်ပါတယ်။ခရီးစဉ်နဲ့ပတ်သက်ပြီး”ရှောပင်းလည်းပါ တယ်။ဆေးစစ်ဖို့လည်းပါတယ်။အူဝဲမွေးနေ့တုန်းကလက်ဆောင်ဝယ်ပေးမယ်ပြောပြီး မဝယ်ပေးဖြစ်သေးတာ အဲဒီကတိရှိတာ ကြောင့်ဒီကနေ ပြန်တာနဲ့ပြန်ဆပ်တဲ့ သဘောပေါ့။ သမီးတော့မပါဘူး။ ငယ်သေးလို့လေ။ လက်ဆောင်ကပြောတဲ့အတိုင်း၁ခုပဲဖြစ်မလားမသိသေးပါဘူး။အခြေအနေပေါ် မူတည်တာ ပေါ့”လို့ပြောပါတယ်။

ရေနစ်တဲ့အခန်းရိုက်ရင်း တကယ်ရေနစ်သွားခဲ့ရတဲ့ ဝတ်မှုံရွှေရည်ရဲ့အဖြစ်




 ရေနစ်တဲ့အခန်းရိုက်ရင်း တကယ်ရေနစ်သွားခဲ့ရတဲ့ ဝတ်မှုံရွှေရည်ရဲ့အဖြစ်


 ပြင်ဦးလွင်မှာ ဒါရိုက်တာညီညီထွန်းလွင်၊ နေတိုးတို့နဲ့ ဇာတ်ကားရိုက်ကူးနေတဲ့ ဝတ်မှုံရွှေရည်က  လတ်တလောမှာ နေတိုးနဲ့ သရုပ်ဆောင်ထားတဲ့ “ပင်လယ်ရေဘယ် မခန်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ထွက်ရှိထားပါတယ်။

 ချောင်းသာမှာ ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဆိုင်တက်အားကောင်းတယ်လို့ ကြားကြောင်း ပြောတဲ့ ဝတ်မှုံရွှေရည် က…”ဒီဇာတ်ကားက ပရိသတ်လည်း အပြောင်းအလဲဖြစ်အောင်ပါ။

စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာ

စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာ



စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာသည်ကို
 တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအလောင်းသည် အောင်မင်္ဂလာရပ်ကွက် (သို့) မကျည်းမြိုင်ရပ်ကွက်ဘက်
မှ မျောပါလာခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံများက ခန့်မှန်းကြပါသည်။ ယခု စစ်တွေအဓိကရုဏ်းကြောင့်
ဗုဓဘာသာရခိုင်လူမျိုးများရော ဘင်္ဂါလီရိုဟင်ဂျာများဘက်ကပါ ထိခိုက်သေးဆုံးမူများ အများအပြား
ရှိခဲ့ကြောင်းလဲသိရပါသည်။

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ

GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ



ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။

သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends. myan-mar.burma@ gmail.com
ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။

မောင်တောမြို့တွင်း ဇွန် ၁၄ရက် မွန်းလွဲ ၁း၃၀ အခြေနေ

မောင်တောမြို့တွင်း ဇွန် ၁၄ရက် မွန်းလွဲ ၁း၃၀ အခြေနေ   
Photo: သဲချောင်းဘက်သို့ ရွှေပြောင်းနေသည့် ဘင်္ဂလီများကို ဇွန်လ (၁၂)ရက်နေ့က တွေ့ရစဉ်
မောင်တောမြို့တွင်း ယနေ့ အခြေအနေမှာ နံနက်ပိုင်းမှစ၍ မွန်းလွဲ ၁း၃၀ နာရီထိ အေးဆေးတည်
ငြိမ်လျက်ရှိပြီး မိုးသည်းသည်းမဲမဲ ရွာသွန်းလျက်ရှိကာ လူအများစု အိမ်အပြင်မထွက်ကြကြောင်း သိရသည်။ 
ထို့အတူ မောင်တောမြို့ပေါ်ရှိ ဘဏ်များမှာ မွန်းတည့် ၁၂ နာရီထိသာ ဖွင့်လှစ်ကြောင်း သိရသည်။

မောင်တောမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိသော်လည်းစိတ်ချရသည့် အနေအထားသို့ မရောက်ရှိ သေး

မောင်တောမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိသော်လည်းစိတ်ချရသည့် အနေအထားသို့ မရောက်ရှိ သေး 
 
ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ
 ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။

“ဟိုမှာ ဘင်္ဂလီတွေ များတော့ တစ်ယောက်မှ မပြန်ရဲဘူး။ ပြန်သွားရင်လည်း သူတို့မှာ နေစရာအိမ်မှ မရှိတော့တာ” ဟု မောင်တောမြို့ ဗဟိုဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။

ဇွန်လ ၁၄ ရက် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ဗြိတိန်သံရုံးရှေ့တွင် လူဦးရေ ၁၀ ဦးခန့်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

ဇွန်လ ၁၄ ရက်ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ဗြိတိန်သံရုံးရှေ့တွင် လူဦးရေ ၁၀ ဦးခန့်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော် 



ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ဗြိတိန်သံရုံးရှေ့တွင် လူဦးရေ ၁၀ ဦးခန့်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီ

စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီ


"ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြိုပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။