Pages

Tuesday, June 12, 2012

"မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA (800) မိုဘိုင်းဖုန်း သုံးစွဲနေသူ ပြည်သူများအတွက်ကြေငြာချက်

‎"မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA (800) မိုဘိုင်းဖုန်း သုံးစွဲနေသူ ပြည်သူများအတွက် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်"

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနသည် ပြည်သူများ လွယ်ကူစွာ ဖုန်းဆက်သွယ် ပြောဆိုနိုင်ရေးအတွက် အစဉ်ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခုအခါ GSM/UMTS မိုဘိုင်းဖုန်းများတွင် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုတရာခံများအမူကိုဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်ကစစ်ဆေး

 မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုတရာခံများအမူကိုဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်ကစစ်ဆေး

Photo: ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က စစ်ဆေးခဲ့သည်။
 
တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပါသည်။
 
 ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။
 
By: Eleven Media Group:

စက်မှုဝန်ကြီးဌာနက တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် မြန်မာမီနီဆလွန်းကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်

စက်မှုဝန်ကြီးဌာနက တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် မြန်မာမီနီဆလွန်းကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းတန် မြန်မာမီနီဆလွန်း(QQ)ကားအစီးရေ (၈၀၀)ကျော် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

“ဒီနှစ်ဘဏ္ဍာနှစ်မှာ ကားအစီးရေ (၉၀၀)လောက် ရောင်းချပေးသွားမှာပါ။ ဘယ်တော့လောက် စရောင်းပေးမလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး”ဟု နေပြည်တော် စက်မှုဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဒေါ်မြတ်သူဇာ က ပြောသည်။