Pages

Monday, June 4, 2012

ချုံနွယ်များနှင့် အဆောင်များ ဟောင်းနွမ်းနေသည့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်သွား
မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး လူနေနည်းပါးလာခြင်းကြောင့် ချုံနွယ်များ ပိတ်ဆို့လာခြင်း၊ အဆောင်များ ဟောင်းနွမ်းလာခြင်းတို့ ဖြစ်ပေါ်လာသဖြင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ အဆောင်များအား ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


''ရန်ကုန်တက္ကသိုလ်ဝင်းကို သန့်ရှင်းရေးလုပ်ဖို့ ရှိပါတယ်။ လုပ်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ ရန်ကုန်တက္ကသိုလ်ဟာ အထင်ကရ နေရာတစ်ခုဖြစ်တယ်။ တက္ကသိုလ်ထဲက အဓိပတိလမ်းမကြီးဆိုလည်း အထင်ကရဖြစ်တာပဲ။

တက္ကသိုလ်ထဲမှာ လူနေ နည်းလာတဲ့အတွက် ချုံနွယ်တွေ ပိတ်ဆို့တာတွေကို ရှင်းလင်းရမယ်။ အဆောင်တွေကို ပြန်လည် ရှင်းလင်းသွားမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

Eleven Media Group:

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်



တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။

Yangon Press International

တောင်ကုတ်တွင် မြန်မာမွတ်စလင်မ်(၁၀) ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရခြင်းသတင်းအပြည့်အစုံ


 သံတွဲသစ္စာဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ်(ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာသာဝင်တွေ နေရာအချို့ကိုသွားရောက်ပြီး တရားရေအေး တိုင်ပင် ​ဆွေးနွေးကြခြင်း) ဖြစ်ပါတယ်။
 (၆)ဦးကတော့ တောင်တွင်းကြီးကလို့ သိရပါတယ်။  စပယ်ယာတစ်ဦးနဲ့ အုန်နာအင်ရှက်စ် တစ်ယောက်ပါ
 စုစုပေါင်း 10ယောက်ပါ။ အုန်နာ အင်ရှက်စ်ကတော့ မိန်းကလေးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးသတင်းထုတ်ပြန်ချက်

တောင်ကုတ်မြို့ မှာ အသတ်ခံရသူများ ဓါတ်ပုံ- အေးဝတီကြီး (mandalaygazette)

ပြန်ကြားရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ချက် တစ်ခုကို ၄င်းအင်တာနက်စာမျက်နှာwww.ministryofinformation.gov.mm မှာ တင်ပြထားပါသည်။

နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို



ရန်ကုန်၊ ဇွန် ၃

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြား
လိုက်သည်။

တာမွေ အခွန်လွတ်ဈေးဆိုင်ခန်းများ စည်ပင်သာယာမှ နှင်ထုတ်



  1. မေ ၃၁၊ ၂၀၁၂ခုနှစ် (YPI)

    လွန်ခဲ့သည့် ၁၂ နှစ်က စတင်ခဲ့သည့် တာမွေ အခွန်လွတ်ဈေးမှ ဆိုင်ခန်း ၅၀ ကျော်ကို စည်ပင်၊ ရဲ၊ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေး၊ အရန်မီးသတ်တို့ပါဝင်သည့် အင်အား ၃၀၀ ဖြင့် ယနေ့နံနက်ပိုင်းက ဖျက်သိမ်းခဲ့သည်။

    ယင်းမြေနေရာသည် ၁၉၈၈ အရေးအခင်းမဖြစ်မီက ခရစ်ယာန်သချိုင်းမြေဖြစ်၍ အရေးအခင်းကာလနောက်ပိုင်း သချိုင်းများဖျက်သိမ်းပြီးနောက် အခွန်လွှတ်ဈေး အဖြစ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ ဈေးသူဈေးသားများ ဈေးဖွင့်ပေးဖို့ ဆန္ဒပြပွဲ

 ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ
၀၂-၀၆-၂၀၁၂ နံနံက် ၇း၀၀ နာရီမှစပြီး ကျေးရွာသူ၊သားများ၊ဈေးသူ၊သားများ
စုပေါင်းရ်ျဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲပါတယ်။

ဆန္ဒပြပွဲစစဉ်မှာ လူအင်အား(၂၀၀) ခန့် ပါဝင်ခဲ့ ပီး နောက်ပိုင်းလူအင်အား (၅၀၀)
ခန့် အထိရှိခဲ တယ်။

လူ့ အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး မင်္ဂလာဆောင်



 ဒီနေ့(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ မှာ
၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး
(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။

လူသတ်မှုဖော်ထုတ်ပေးရန်တောင်းဆိုရာမှ စစ်တွေရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်ပွား



စစ်တွေ မြို့ အမှတ်(၁)ရဲစခန်းရှေ့ မှာ ဆန္ဒပြနေသူများ - ဓါတ်ပုံ (ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ရန်ကုန်။ဇွန် ၎

စစ်တွေမြို့အနီး နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။

အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်



ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI

ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။

လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို



စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များ ဆန္ဒပြနေစဉ် - ဓါတ်ပုံ(ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ည ၉နာရီခွဲ၊ ဇွန်လ ၃၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။

စစ်တွေမြို့ မှာ ဆန္ဒပြနေသူများ အကြမ်းဖက်ပစ်ခတ်နိမ်နင်းခံရ (အထူးသတိပေးချက် - နှလုံးရောဂါရှိသူများနှင့် လန့် တက်သူများ - ဓါတ်ပုံများကိုမကြည့်ပါနှင့်)



ရခိုင်ပြည်နယ် စစ်တွေမြို့  ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူတွေကို ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားပြီး စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်များ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

အောက်က ဓါတ်ပုံတွေကတော့  ---