Pages

Sunday, June 3, 2012

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ
ခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည်
 ရောက်ရှိလာပါတယ်။


AFP
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ၆ ရက်တာ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာစဉ်။

အမျိုးသား တားဆေးပေါ်တော့မည်

ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

ယာဟူးက အချက်အလက် ရှာဖွေရေး Browser သစ်ဖန်တီး

အင်တာနက် အချက်အလက် ရှာဖွေရေးနယ်ပယ်တွင် နောက်ကောက်ကျခဲ့သော ယာဟူးကုမ္ပဏီသည် ပုံစံသစ်မိုဘိုင်း Browser တစ်မျိုးကို ထပ်မံ ဖန်တီးခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်းသတ်မှတ်ချက် ထုတ်ပြန်

မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ တင်သွင်းလာမည့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ အသုံးပြုနိုင်မည့် သတ်တမ်းသတ်မှတ်ချက်မှာ

ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သော သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်

လာမည့်ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သောသော ကြာဂြိုဟ်ကြတ်သည့် နေကြတ်
မှုဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ သတင်းရရှိပါသည်။

အဆိုပါဖြစ်စဉ်တွင်

မြန်မာသင်္ဘောသား ၁၅ ဦးပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီး

မြန်မာသင်္ဘောသား ၁၅ ဦး ပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီးထားကြောင်း အဆိုပါ သင်္ဘောမှ မြန်မာသင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။

ယင်းသို့ဖမ်းဆီးထားခြင်းမှာ

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား အစိုးရက သံသယရှိသောကြောင့် စောင့်ကြည်ခံနေရတဲ့သဘောပင်ဖြစ်

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ ဦးကိုကိုကြီးက

နေပြည်တော်တွင် မိုးသက်လေပြင်းများကျရောက်အပြီး ဓာတ်တိုင်မှဝါယာကြိုးများရုတ်တရက်နီရဲလာ (ဓာတ်ပုံသတင်း)

နီရဲနေသော ဓါတ်တိုင်မှဝါယာကြိုးများကိုတွေ့ရစဉ်

မုံရွာ-ပုသိမ် လမ်းခွဲမှာ ဆန္ဒပြ



စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် ရှိ ပုသိမ်-မုံရွာ လမ်းခွဲတွင် ယနေ့(၂-၆-၁၂) ညနေ(၃း၃၀)ခန့်မှ စတင်၍ ဆန္ဒပြမှု ဖြစ်ပွားနေ

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။

ဇွန် ၁ ရက်မှ စပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံအား ရန်ကုန် လေဆိပ်တွင် ဆိုက်ရောက်ဗီဇာသုံးမျိုး ထုတ်ပေးမည်

ဇော်ဝင်းသန်းနှင့် ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)
 
ဇွန် ၁ ရက်မှစတင်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဧည့်သည်များအတွက် လုပ်ငန်း၊ ပြည်ဝင်ခွင့်နှင့် ဖြတ်သန်းဗီဇာ သုံးမျိုးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတည်းတွင် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေး
သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မေလ ၂၈ ရက်နေ့ က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

မန္တလေးမြို့တွင် ငါးရက်အတွင်း မီးလောင်မှု လေးကြိမ်ဖြစ်ပွားခဲ့



ဖြိုးဝေကျော် (ရန်ကုန်တိုင်မ်းစ်) မန္တလေးမြို့၊ မြို့သစ်(၄)ရပ် ကွက်၊ မနော်ဟရီလမ်းတောင်ဘက်၌ မေလ ၂၇ ရက် နေ့နံနက်ပိုင်းမီးလောင်မှုအပြီး
မြင်ကွင်းကိုတွေ့စဉ်။
 
မန္တလေးမြို့၌ မေလမကုန်မီ ငါးရက်အတွင်း မီးလောင်မှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရ

လူလိမ်လူကောက် စစ်စုံထောက် အမည်ရှိ စာအုပ်မဇ္ဈိမသတင်းဌာနက ထုတ်ဝေ



rogue-agent-cover1

ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၁၁ ခုနှစ်။

`လူလိမ်လူကောက် စစ်စုံထောက်´ Rogue Agent အမည်ရှိ စာအုပ်ကို

လယ်သမား ၁၆ ရာခိုင်နှုန်းသာ အစိုးရ လျှပ်စစ်ကို အသုံးပြုရဟု စစ်တမ်းဆို

ရန်ကုန် (မဇ္စျိမ) ။          ။ မြန်မာနိုင်ငံ၏ ကျေးလက်တွင် နေထိုင်ကြသော လယ်သမားများအနက်မှ ၁၆ ရာခိုင်နှုန်းသာ အစိုးရက ပေးသော လျှပ်စစ်ကို သုံးစွဲရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ
ကောက်ယူထားသော စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် မတ်လ အတွင်း လယ်သမား အများစုနေထိုင်သည့်

ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်



ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့
မည်ဖြစ်ကြောင်းသိရသည်။

လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှထုတ်ဖော်ပြသ


ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်



မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့

ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ



ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲု့ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးအောင်ကျော်ဦး တို့ ကျောက်ဖြူ ဆောက်လုပ်ရေး ရိပ်သာမှာ တည်းခိုနေတဲ့ အတွက် ခုလို သွားရောက်ပြီး မတရား အသတ်ခံခဲ့ရတဲ့ မသီတာထွေး အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်” ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူ ၂၅၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခွဲက ကျောက်ဖြူမြို့လယ် သာသနာ့ ရိပ်သာရှေ့မှ စုရုံးကာ ကျောက်ဖြူ ပြည်သာယာဈေး အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့် ဆောက်လုပ်ရေး ရိပ်သာရှေ့သို့ ဆက်လက် ချီတက်ကာ  ဆန္ဒပြခဲ့ကြသည်။

“ ကျွန်တော်တို့ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့
နဲ့ နောက်ထပ် ဒီလိုမျိုး ပြဿနာတွေ ထပ် မပေါ်ပေါက်ရအောင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပီးရင် ပြစ်မူ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါတယ်။ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောကြားပါတယ်။”

ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ၁၀ ရက်အတွင်း ရုံးထုတ် တရားစွဲဆိုရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ တရားရုံးတွင်လည်း လူအများကို တက်ရောက်နားထောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ တရားသူကြီးများမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။



ဆန္ဒပြရာတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း မျက်မြင်များက ပြောသည်။
ဆန္ဒပြသူများသည် ပြစ်မူကျူးလွန်သူများကို သေဒဏ်ပေး၊ သေဒဏ်ပေးဟု ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီခွဲတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အနီးရှိ သပြေချောင်းကျေးရွာမှ မသီတာထွေးမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုဒိမ်းကျင့်ခံရသည့် အပြင် လည်ပင်းကို ဓါးနန့် လှီးဖြတ်ခံရပြီ ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ရစရာမရှိအောင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် မုဒိမ်းမူများ ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လူမဆံစွာ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်သည့် အပြုအမူမျိုး  တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြား ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အထူး ဒေါ်သ ထွက်နေကြသည်ဟု သိရသည်။

ယခုကဲ့သို့ လူထု အတွင်း ဒေါသ ထွက်နေသဖြင့် ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို ကျောက်ဖြူ ရဲစခန်း အချုပ်တွင် မထားရဲဘဲ ကျောက်ဖြူ ထောင်ထဲတွင် ချုပ်နှောင်ထားရကြောင်း
 ကျောက်ဖြူရဲ  တာဝန်ရှိသူ တစ်ဦးမှ  ပြောကြားသည်။

(နိရဉ္စရာ)

ရခိုင်ဝန်ကြီး ၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ်

ဝန်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ်
ရခိုင်ဝန်ကြီးများမှ ပေးအပ်သော ဂရုဏာကြေး ကျပ် (၇) သိန်းနှင့် ပတ်သက်ပြီး အတင်း အဓမ္မပြု ကျင့် သတ်ဖြတ်ခံလိုက်သော မသီတာထွေး၏ မိခင် ဒေါ်မမြက ငွေကို လက်မခံမီ ငွေပေးအပ်သော ၀န်ကြီးအား မေးခွန်း ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။

မသီတာထွေးသည် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။ (ဓါတ်ပုံ လေးဝတီ)
“ ဂရုဏာကြေး လာပေးတဲ့ ရခိုင်ဝန်ကြီးက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်ပါတယ်။ သူက ကျပ် ၇ သိန်းကို မသီတာထွေး မိခင် ဒေါ်မမြကို ပေးပါတယ်။ အဲဒီငွေကို လက်မခံခင်မှာ ဒေါ်မမြက ဒီငွေတွေဟာ ကုလားတွေဆီက လျော်ကြေး ပေးတာလား ဆိုပီး ၀န်ကြီးကို မေးပါတယ်။ ဒါဆိုရင် ကျွန်မ မယူပါရစေနဲ့ ဆိုပြီး ပြောပါတယ်” ဟု အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ လူကြီး တစ်ဦးမှ ပြောသည်။

ဝန်ကြီးက အဆိုပါ ငွေမှာ လူသတ် တရားခံ မိသားစုများက ပေးသောငွေ မဟုတ်ကြောင်း
 ပြောကြားပြီးမှ ငွေကို လက်ခံယူခဲ့သည်ဟု ဆိုသည်။ “ ၀န်ကြီးက ဒီငွေတွေဟာ သူတို့ 
ဝန်ကြီးတွေ စုပေါင်းပြီး ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကုလားတွေဆီက ပေးတဲ့ ငွေမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ဒါမှ ဒေါ်မမြက မျက်ရည်တွေကျပြီး ငွေကို လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသည် တစ်ခြား ပြည်နယ် နှင့် ခရိုင် အဆင့် လူကြီးများနှင့် အတူ အခင်း ဖြစ်ပွားပြီးနောက် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိ
လာစဉ် အဆိုပါ ဂရုဏာကြေးကို မသီတာထွေး မိခင် ဒေါ်မမြအား ယမန်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် ၀န်ကြီးက ယခု သမီးသေဆုံးသွားမူနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဖြစ်စေလိုပါသလဲ ဟု မိခင် ဖြစ်သူ ဒေါ်မမမြကို မေးမြန်းခဲ့ကြောင်း၊ ဒေါ်မမြက ပြစ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို သူ့ သမီး အသေဆိုးနဲ့ သေဆုံးသလို သေဆုံး စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ ၀န်ကြီး တရား ဥပဒေနဲ့ အညီ ဖြစ်စေရပါမယ်။ ၀န်ကြီးက ၇ ရက် အချိန်ပေးပါ။ အမူနဲ့ အတူ တရားခံတွေကို ဖေါ်ထုတ်နေပါတယ်  ဆိုပီး ပြောဆိုသွားပါတယ် ” ဟု သူက ဆက်ပြောသည်။
ယခုအခါ အခင်း ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာပတ်ဝန်းကျင်တွင် ငြိမ်သက်နေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လူကြီးများ ရောက်ရှိနေပြီး လုံခြုံရေးကိုလည်း ကျေးရွာ တချို့တွင် တိုးမြှင့်ထားကြောင်း သိရသည်။

 မောင်အေး-(နိရဉ္စရာ)

သံတွဲ တောင်ကုတ်လမ်း ကားတိမ်းမှောက် ကိုးဦးသေ သုံးဦး ဒဏ်ရာရ



ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။ ဓါတ်ပုံ(နိရဉ္စရာ)
ရန်ကုန်၊ ဇွန် ၂

မုတ်သုံရာသီ ရောက်ချိန်တွင် တောင်ပြို၊ တံတားကျိုး ဖြစ်လေ့ရှိသော ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နှင့် တောင်ကုတ်မြို့ကို ပြေးဆွဲသော ကင်တာ (၁၆) ပေကား တစ်စီး ဇွန်လ ၁ ရက်နေ့က ဘီးချော် တိမ်းမှောက်မှုကြောင့်

ထိုင်းအာဏာပိုင်တွေရဲ့ လုံခြုံရေးအစီအစဉ်ကြောင့် မယ်လမှာ ဒေါ်အောင်ဆန်းစုကြည် အသေအချော စကားပြောခွင့် မရခဲ့




ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထဆောင်ရမ် ဒေသမှာရှိတဲ့ မယ်လဒုက္ခသည် စခန်းကို ဒီကနေ့ မနက် (၁၀)နာရီခွဲမှာ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်


ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။


 

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ပြီး