Pages

Monday, October 29, 2012

အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ရပိုင်ခွင့် ငြိမ်းချမ်းစွာစုဝေး၍ ဆန္ဒထုတ်ဖော်မှု


မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်မိုးထိမိုးမိဒေသရှိ အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွေလုပ်သား မှ ၎င်းတို့၏ အကျိုးစီးပွာကာကွယ်စောင့်ရှောက်ရေးနှင့်ရပိုင်ခွင့်များ တောင်းဆိုမှု များ ပြုလုပ်ရန်ငြိမ်းချမ်ငြိမ်းချမ်စွာစုဝေး၍ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီများအုပ်စု၏ ရန်ကုန်ရုံးရှေ့တွင်ပြုလုပ်နေကြောင်းသတင်းရရှိပါသည်။ 




ယနေ့ (အောက်တိုဘာလ ၂၉ရက်နေ့ ) နံနက် ၉နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး မွန်းတည့် ၁၂နာ ရီအထိ ပြုလုပ်
မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မူလကဦးရေ ၁၀၀ ခန့် ပါဝင်မည်ဟု ငြိမ်းချမ်းစွာ
စုဝေးခွင့် ခွင့်ပြုမိန့်တွင် ဖော်ပြထားသော်လည်း လက်ရှိအချိန်တွင် ဦးရေ ၃၀ ၀န်းကျင်သာ ဆန္ဒထုတ်ဖော်
လျက်ရှိကြောင်း သိရသည်။



0 comments:

Post a Comment