Pages

Monday, October 29, 2012

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမှ မွတ်စလင်ရပ်ကွက်များအား မီးကွင်းပစ်မည်ဟု ခြိမ်းခြောက်ခံရ


ယမန်နေ့ အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂ ည ၁၀ နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ရပ်ကွက် ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ( မွတ်စလင်မ်များ အသိများသည့် အ
မည် ဟာဖိဇ်ဆိုလိုင်မာန် ကျောင်း) ကို ဆလွန်ကားတစ်စီး (နံပါတ်အုပ်ပြီးဖျက်ထား) မှာ မျက်နှာဖုံးစွပ် လူအ
ပြည့်နဲ့ ၄-၅ ပတ်လောာ်ပတ်နေကြောင်းကို မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ရပါတယ်။


ရပ်ကွက်နေ ပြည်သူများ လမ်းပေါ်ထွက်လာချိန် သုဝဏ္ဏ ဘက်သို့ ကားဖြင့် ထွက်ပြေးသွားကြောင်းသိရှိရပါ
တယ်။

လမ်းလျောက်လာသည့် မွတ်စလင်မ် (၃) ယောက်အား”မင်းတို့ ကုလား ရပ်ကွက်တွေကို မီးကွင်းပစ်မယ် ”ဟု
ကားပေါ်မှ အော်ဟစ်ခြိမ်းခြောက်သွားကြောင်း M-Media မှ စုံစမ်းသိရှိရပါသည်။သင်္ဃန်းကျွန်းမြို့နယ်သည်
အမျိုးသားဒီမိုကရေစီပါတီသစ်NNDP ခေါင်းဆောင်ဦးသိန်းညွှန့်အနိုင်ရရှိထားသည့်မဲဆန္ဒနယ်မြေဖြစ်သည်။

ဦးသိန်းညွှန့်သည့် ပြည်သူလွှတ်တော်ကဖွဲ့စည်းပေးထားသည့်တရားဥပဒေစိုးမိုးရေး ကော်မတီအဖွဲ့တယောက်
လဲဖြစ်ပါသည်။


M-Media
အောင်မောင်း

0 comments:

Post a Comment