Pages

Sunday, October 28, 2012

ဗုဒ္ဓဘာသာဝင် ၉၆% ၊ အစ္စလာမ် ဘာသာဝင် ၄% ရှိ ကမ္ဘောဒီးယားတွင် ဘာသာရေး ပဋိပက္ခမရှိဟု ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် ပြော



ကမ္ဘောဒီးယားတွင် ဗုဒ္ဓဘာသာဝင် ၉၆% ၊ မွတ်စလင် ၂% ၊ကျန် အရေအတွက် ခရစ်ယာန်နဲ့ တခြားဘာသာ
ဝင်တွေ ရှိပေမယ့် ဘာသာရေး အဓိကရုဏ်းတစ်ခါမျှဖြစ်ပွားခဲ့တာ မရှိပါဘူး ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့တာ မိမိတို့ မြင်တွေ့ခဲ့ပြီး ယခုအခါ မိမိတို့၏ အာ
ဆီယံ ဒေသတွင်းသို့ပါ ကူးစက်လာကြောင်း အာဆီယံနိုင်ငံအချို့တွင်  မတူကွဲပြားသော ဘာသာဝင်များအ
ကြား ဖြစ်ပွားနေသော ပဋိပက္ခ အား နိုင်ငံတကာ အသိုင်းအ၀ိုင်း မှ အာရုံစိုက်လာကြောင်း အာဆီယံအတွင်း တည်ငြိမ်ရေး ၊ ဘာသာရေး သဟဇတဖြစ်မှု ၊ တို့သည် အလွန်အရေးကြီးကြောင်း၊ ၄င်းက ပြောကြားသည်။

အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ဘရုနိုင်း၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား၊ လာအို ၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း ၊ နှင့် ဗီယက်နမ် နိုင်ငံများဖြင့် ဖွဲ့စည်းထားသည်။


မွတ်စလင်သတင်းစဉ်

0 comments:

Post a Comment