Pages

Monday, October 29, 2012

ကျောက်ဆည်ဆင်ပွဲတော် စည်စည်ကားကား ကျင်းပ





ကျောက်ဆည်မြို့ရွှေသာလျောင်း ဘုရား ဂေါပကအ ဖွဲ့နှင့် ခရိုင်အထွေထွေ  အုပ်ချုပ်ရေး တို့မှ ကြီးမှူး ကျင်း
ပသည့်ကျောက် ဆည်မြို့ဆင်ကအလှပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့မနက်၈နာရီကမန်းလေးတိုင်းဒေသကြီးအစိုးရအ
ဖွဲ့ဝန်ကြီး ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ ပြိုင်ပွဲကို ၁၀နာရီဝန်းကျင်က စတင်ယှဉ်ပြိုင်နေပြီးသုံးနေရာခွဲကာဒိုင်အဖွဲ့ဝင် သုံး ဖွဲ့ဖြင့်ပြိုင်ပွဲဝင် ဆင်ကောင်
ရ ၂၂ကောင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီးရိုးရာ ဆင် ပထမ ဆု ငွေကျပ် ၆ သိန်း၊ဒုတိယဆု ၅ သိန်းကျပ် ၊တတိယဆု ၄ သိန်းကျပ်၊ ဘော်ကျယ်ဆင် ပထမဆု ၅သိန်းကျပ်၊ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်း
ကျပ်၊ ကလေးဆင်ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊တတိယဆု ၁သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်
ကြောင်း သိရသည်။ 
 
ယခုနှစ်ကျောက်ဆည်ဆင်ပြိုင်ပွဲအတွက် ငွေကျပ်သိန်း ၁၅၀ ကျော် ကုန်ကျရန်လျာထား ပြီး နှစ်စဉ်မ ပျက်
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ည ၈နာရီတွင် ဆုများကို ချီးမြှင့်သွား မည် ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးအောင်သန်း က ပြောသည်။

Popular Myanmar News Journal

0 comments:

Post a Comment