Pages

Monday, October 29, 2012

ကရင်ပြည်နယ် ကျုံဒိုးနှင့် ကော့ကရိတ်မှ ဗလီများ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၂၉၊ ၂၀၁၂


ကျုံဒိုးဗလီဗုံးခွဲခံရသည့် သတင်း
အောက်တိုဘာ၊ ၂၉၊ ၂၀၁၂ (၁၀နာရီ မြန်မာစံတော်ချိန်)

ကရင်ပြည်နယ် ကျုံဒိုးမြို့ ကမ်းနားပိုင်းရှိ ဗလီအား ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု သတင်းရရှိသဖြင့် M-Media မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။ဗုံးပေါက်ကွဲရာအနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးမှ ပြောပြခဲ့သည်မှာ “မနေ
့ည ၁၁-နာရီလောက်မှာ ကျုံဒိုး ကမ်းနားပိုင်းမှာ ရှိတဲ့ ဗလီကို ဗုံးခွဲခံရတာပါ။ကျုံဒိုးမှာက ဒီဗလီတစ်လုံးပဲရှိပါ
တယ်။ ဗုံးကွဲတာက ဗလီခြံဝင်းထောင့်နားမှာကွဲတာ။ ဗလီကိုတော့ မထိခိုက်သွားဘူး။

ဗလီခြံဝင်းကလည်း သံဆိုးကြိုးတွေပဲ ကာထားတာဆိုတော့ ကြီးကြီးမားမားပျက်စီးမှုတော့မရှိသွားဘူး။ လူထိ
ခိုက်မှုလည်းမရှိပါဘူး။ ဗလီဘေးဝန်းကျင်က အိမ်တွေတော့ တုန်ခါသွားတယ်။ ဗလီဘေးမှာက မွတ်စလင်မ်
အိမ်တွေရော ဗုဒ္ဓဘာသာအိမ်တွေပါ ရှိတာပါ။

မနေ့ညက ဖြစ်ပြီးပြီးချင်းတော့ ရဲက လုံခြုံရေးချထားလိုက်တယ်။ အခုဖြစ်နေတာကို ပြည်ထောင်စုလုံခြုံရေး
ဝန်ကြိး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို အကြောင်းကြားထားပါတယ်။

စာနဲ့မဟုတ်ပါဘူး။ ဖုန်းနဲ့ပါပဲ။ ဟုတ်ကဲ့ သူကိုယ်တိုင်တော့မဟုတ်ဘူး။တဆင့်ပါ။အကြောင်းတော့ ကြားထား
ပါတယ်။ ပြန်ပြီး တုန့်ပြန်ပြောဆိုလာမှုတော့ မရှိသေးပါဘူး”လို့ M-Media ကို ပြောပြခဲ့ပါတယ်။

နောက်ဆက်တွဲ သတင်းများကို ဆက်လက်တင်ပေးသွားပါမည်။


M-Media
အောင်မောင်း

0 comments:

Post a Comment