Pages

Monday, October 29, 2012

ငွေယူ၍အဝေးသင်စာစဉ်ကိုယ်စား တင်ပေးနေသောဆရာများကြောင့် ကျောင်းသား/သူများ၏ အရည်အသွေးများကျဆင်းလာ

အဝေးသင်တက္ကသိုလ်တက် ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်စာသင် နှစ်၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက်တို့တွင် သတ်မှတ်စာစဉ် များအား ကိုယ်တိုင်ရေးသားတင် သွင်းကြရပြီး စာစဉ်တင်သွင်းရာ ၌ ကျောင်းသား၏ လက်ရေးနှင့် စာမေးပွဲဖြစ်ဆိုရာ၌ ကျောင်းသား ၏ လက်ရေးနှစ်ခု ကွဲလွဲမှုရှိပါက (သို့) ကိုယ်စားဖြေဆိုတင်သွင်း ထာသည်အား စစ်ဆေးတွေ့ရှိရ ပါက စာစဉ်အား ပယ်ကာ
စာ မေးပွဲ ဖြေဆိုခွင့်ပေးမည်မဟုတ် ကြောင်း သက်ဆိုင်ရာ အဝေး သင်ဌာနများမှ ထုတ်ပြန်ထားခဲ့သည်။သို့သော်လည်းအဆိုပါ အဝေးသင် ဌာနများမှ ဆရာ/မ အချို့အနေ ဖြင့် ကျောင်းသား/သူများထံမှ ငွေယူကာ စာစဉ်များကိုယ်စားတင်ပေးလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။စာသင်နှစ်တစ်နှစ်ကို နှစ်ကြိမ်သတ်မှတ်ရက်
အတွင်း စာ စဉ်တွေကို ကိုယ်တိုင်လက်ရေးနဲ့ ရေးသားတင်သွင်းရမယ်လို့ ပြော တယ်။

ဒါပေမဲ့ အဝေးသင် ဌာန ခွဲတွေက ဆရာမတွေကတော့ ကျောင်းသား/သူတွေဆီက ငွေ ကို ၇၀၀၀/၈၀၀၀
တောင်းပြီး ကိုယ်စားတင်ပေးတာတို့၊ လုပ်စား တာတို့ လုပ်နေကြတယ်။ ဒါဟာ ကျောင်းသားရဲ့ကိုယ်ပိုင်အ
ရည်အသွေးကိုကျဆင်းအောင်လုပ် ရာရောက်သလို အထက်ပညာ ရေးဌာနက ထုတ်ပြန်ထားတဲ့ ကျောင်း
သားကိုယ်တိုင် ရေးသား တင်သွင်းရမယ်ဆိုတာကို ဖျက် ဆီးရာလည်းရောက်တယ်။

ဒီလို ဆရာတွေက ငွေယူပြီး လုပ်ပေး နေတော့ ကျောင်းသားက မေး ခွန်းသဘောတရားရော၊ ဘာသာ ရပ်
တွေရောရဲ့ အကြောင်းကို ဘာမျှနားမလည်၊ ပြီးတော့ စာ မေးပွဲမှာ ထိခိုက်ရော၊ ဒီလိုမျိုး လုပ်စားတာတွေ
ရှိနေသရွေ့ အဝေးသင်ကျောင်းသား/သူတွေ ထဲမှာ တကယ့်ကို အရည်အချင်း ရှိတဲ့သူတွေ၊ အရည်အသွေး
ပြည့် တဲ့သူတွေ တစ်နေ့ တစ်ခြား နည်း လာပြီး တိုင်းပြည်အနာဂတ်ပါ ထိခိုက်သွားမယ်””ဟု ဒဂုံအဝေးသင် တက်္ကသိုလ် ပထမနှစ်ကျောင်း သားက ပြောကြားခဲ့သည်။

လက်ရှိ တိုင်းပြည်အနေ အထားအရ အလုံးစုံသော ဖွံ့ဖြိုး တိုးတက်သည့် တိုင်းပြည်အဖြစ် သို့ ရောက်ရှိရန် ဦးတည်လျက်ရှိ သော ကာလဖြစ်သည့်အတွက် ပညာတတ်လူ့စွမ်းအားစုများ၏ ကဏ္ဍများ အထူးအရေးပါ
လာ မည်ဖြစ်ကာ ယင်းသို့သော ကျောင်းသား/သူများ၏ ပညာ ရေးရာကိစ္စရပ်များ၌ တာဝန်ရှိ ဆရာ/မများ
က ငွေယူ၍ ကိုယ် စားပြုလုပ်ပေးနေခြင်းများမှာတိုင်း ပြည်အနာဂတ်အတွက် ထွန်း လင်းတောက်ပလာမည့် ပညာရှင် များအား မွေးထုတ်ပေးခြင်းအား များစွာ ထိခိုက်စေနိုင်ပြီး ယင်း အား ပညာရေးဝန်ကြီးဌာနအနေ
ဖင့် ဆက်လက်မျက်ကွယ်ပြုနေ မည်ဆိုပါက အဆိုပါ ငွေပေး၍ ရသော ပညာရေးသည် ကျောင်း သား/သူ
များ  ကိုယ်ပိုင်ယုံ ကြည်ချက်အား ပျက်စီးစေမည့် အပြင် တိုင်းပြည်တည်ဆောက် ရေးအတွက်လည်း များစွာ ထိ ခိုက်နိုင်ကြောင်း လေ့လာ သိရှိရ သည်။

ခန့်ခန့် (ဒဿနိက)
HotNewsJournal

0 comments:

Post a Comment