Pages

Monday, October 29, 2012

ရခိုင်ပြည်နယ်တွင် ရခိုင်အိမ်များ၊ ကားများကို လုံခြုံရေးများမှ ရှောင်တခင် စစ်ဆေး


၂၉.၁၀.၂၀၁၂ နှင့် ၂၈.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် တခြားမြို့နယ်များ တွင်လည်း စစ်တပ်၊ နစက၊ လုံထိန်း၊ ရဲများစုပေါင်းပြီး ရခိုင်သားများ၏ လုပ်ငန်းခွင် ၊ အိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများ၊ မွှေနှောက်ပြီးဓား၊လှံများကိုလိုက်လံသိမ်းဆည်းလျက်ရှိကြောင်းကသိရှိရပါသည်။
၂၈.၁၀.၂၀၁၂ရက်နေ့တွင်လည်းစစ်တွေမြို့မောလိပ်ရပ်ကွက်၊ကုန်သည်လမ်း၊ဦရွှေဘသိန်း ၀ပ်ရှော့ကိုနေ့
လည်(၃)နာရီလောက်တွင်ဝင်ရောက်မွှေနှောက်ခဲ့ကြောင်းမျက်မြင်သက်သေတစ်ယောက်မှ ပြောပြပါသည်။
 
၂၉.၁၀.၂၀၁၂ ရက်နေ့တွင်လည်း စစ်တွေမြို့နှင့် တခြားမြို့နယ်များသို့ ပြေးဆွဲသည့် ခရီးသည်တင် ကားများကိုလည်း စစ်ဆေးလျှက်ရှိကြောင်းကို သိရှိရပါသည်။
 
ထိုစစ်ဆေးချက်များကြောင့်ခရီးသွားများစိတ်အနှောက်အယှက်ဖြစ်နေရကြောင်း၊ယခုအခါ ဘင်္ဂလီကုလား
ကျေးရွာများကိုမူမစစ်ဆေး၊မရှာဖွေဘဲရခိုင်ရပ်ကွက်၊ရခိုင်ကျေးရွာများကိုသာစစ်ဆေး၊ ရှာဖွေခြင်းကို ဒေသ
ခံများက မကျေမနပ် ဖြစ်လျှက်ရှိကြောင်းကို သိရှိရပါသည်။

Rakhine Straight Views

0 comments:

Post a Comment