Pages

Monday, October 29, 2012

“ ပခုက္ကူမြို့ရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ပညာရေးဖောင်ဒေးရှင်းတစ်ခု ထူထောင်”

 
ပခုက္ကူမြို့ ရှိ ပရဟိတအဖွဲ့များပူးပေါင်းကာ ပခုက္ကူ ပညာရေးဖောင်ဒေးရှင်း အားအောက်တိုဘာလ ၂၇ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည် ဟုသိရသည်။
ပခုက္ကူမြို့မှပညာရေးညွှန်ကြားရေး မှူး(အငြိမ်းစား) များ ၊ တက္ကသိုလ် ပါမောက္ခ ဆရာဆရာမများနှင့် မြို့မိမြို့ဖများကို နာယကထား၍ ပညာရေး အတွက်ပညာရေးဖောင်ဒေး ရှင်းထူထောင်ခြင်းဖြစ် သည်ဟု ဖောင်ဒေးရှင်း တာဝန်ရှိသူ များထံမှ သိရသည်။
 
အဆိုပါဖောင်ဒေးရှင်း မတည် အလှူငွေ ရရှိရေးအတွက် စည်းရုံးနိုးဆော် အလှူငွေ ကောက် ခံခြင်း ကို မန္တလေး စိမ်းရောင်စို Activities အဖွဲ့ နှင့် အဆိုတော် လင်းနစ် တို့ မှ မေတ္တာဖြင့် ကူ ညီဆောင်ရွက်ပေး ခဲ့ကြောင်း လည်း သိရသည်။
 
အဆိုပါ နေ့တွင် မတည်အလှူရှင်များ၏ အလှူငွေပေး အပ်ပွဲ အခမ်းအနားနှင့် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းကို ပခုက္ကူမြို့ခေတ်ရှေ့ဆောင် မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ် ခဲ့ ကြောင်း ပညာရေးဖောင်ဒေး ရှင်း မှ အတွင်းရေးမှူး က ပေါ်ပြူလာ နယူးစ် သို့ ပြောသည်။
 
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား တစ်ဦးလျှင် ဂုဏ်ပြုဆုတံဆိပ် အပြင် ငွေ ၅၀၀၀၀ိ/ ကျပ် နှုံး ဖြင့်ကျောင်းသား ကျောင်းသူ(၁၆) ဦးအား ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ 
 
ထို့ပြင်ပ ခုက္ကူမြို့နယ် မြစ်ခြေ အထက ကျောင်းမှ မကွေးတိုင်းသေသကြီး တစ်တိုင်းလုံးတွင် ပထမ ရရှိသူ ( ၆ )ဘာသာ ဂုဏ်ထူးရှင် မ၀ါဝါလှိုင် အား စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ဆန်း လှူဒါန်း သော ကွန်ပြူတာ Laptop တစ်လုံးကို အထူးဆုအဖြစ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment