Pages

Sunday, September 16, 2012

အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ

7504
တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာခြောက်လကြာမှအမှုခေါ်ယူခဲ့ကြောင်းတိုင်ကြားခဲ့သည့်မိသားစုဝင် များ၏  ပြော
ကြား ချက်အရ သိရှိရသည်။
စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင် ဆေးကုခ န်းရှေ့ ရှိ မြန်မာ့ရိုးရာ ထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်ြး ဖစ်သူ ကိုတင်မောင်ဆွေ(အသက် ၃၆ နှစ်)ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်န့ည ၁၁ နာရီအချိန်ခန့်တွင် လူကိုးဦးခန့်က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သဖြင့် သေဆုံးသွားသည်။
 
ဖြစ်စဉ်ကို၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ၂၄ ရက်နေ့ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင်တရား သူ
ကြီး(၃)မှ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် မမျှတဟု ယူဆသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံး
သို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင်ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထား ခဲ့ရာ ယခု စက်တင်ဘာလအတွင်း ပြန်လည်စစ်ဆေးကြား နာမည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အ
ရ သိရှိရသည်။

ဝိုင်းဝန်း၍ ရိုက်နှက်ခံရသူကို တင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေး များထွက်ရှိကာ သတိမရတော့ဘဲ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကိုဖြစ်သူဦး မောင်မောင်လွင်က ပြောပြခဲ့သည်။
 
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်တရား ရုံး ဒု-ခရိုင်(၃)တွင် ဦးမောင်မောင်လွင်မှ ၂၀၁၁ ခုနှစ်ပြစ်မှုကြီးမှုအမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလိုပြုလုပ်၍ တရားခံများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့်ကျော်ထွေး တို့အပေါ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂(၂)ဖြင့် တရားစွဲဆိုခဲ့သည်။ 
 
ထိုသို့စွဲဆိုပြီးနောက်တရားလိုတရားခံများအပါအ၀င်သက်သေအသီးသီးအားစစ်ဆေးပြီး၂၀၁၂ ခုနှစ်ဖေဖော်
 ၀ါရီလ ၂၄ ရက်နေ့တွင် ရုံးတော်မှ တရားခံညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီး တရား ခံ ကိုကိုဝင်းနှင့် ကျော်ထွေးတို့အား ပုဒ်မ ၃၂၅/၁၁၄ အရ ထောင်ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
 
“ကျွန်တော့်ညီက၀ိုင်းဝန်းရိုက်နှက်ခဲ့လို့သေဆုံးသွားတဲ့ဖြစ်စဉ်ကိုခရိုင်တရားရုံးကအပြင်းအထန် ဒဏ်ရာရ
တဲ့ပုဒ်မနဲ့ပဲအမိန့်ချခဲ့တဲ့အတွက်မကျေနပ်လို့တိုင်းတရားရုံးကို ထပ်ဆင့်တိုင်ကြားခဲ့ရာ ခြောက်လကြာခဲ့မှ
 ပြန်လည်စစ်ဆေးမယ်လို့ စက်တင်ဘာလ၁၄ရက်နေ့က ခေါ်ယူပြီးပြောခဲ့ပါတယ်။ 
 
အခုလာမယ့်၂၈ရက်နေ့မှာစတင်ပြီးတော့ကြားနာမယ်လို့တိုင်းတရားရုံးကဥပဒေအရာရှိတစ်ဦးကကျွန်တော်
တို့ကို ခေါ်ယူပြီး ပြောခဲ့ပါတယ်။
 
 ပြန်စစ်ဆေးမယ်လို့ သိရတဲ့အတွက် ပထမအဆင့်တော့ ရင်အေးသွားပါပြီ။ ပြန်စစ်ဆေးတဲ့ အခါမှာလည်း မျှတမှုရှိတဲ့အမိန့်တစ်ခုကိုပြန်ပြီးတော့ချမှတ်မလားဆိုတာကိုစောင့်ကြည့်သွားရဦးမှာပါ” ဟု သေဆုံးသူ၏
အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားခဲ့သည်။
 
ဆက်လက်၍၎င်းက“ကျွန်တော့်ညီကဆေးရုံရှေ့ကထမင်းဆိုင်မှာထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်
ထားတဲ့လူကိုးယောက်လောက်ကဆိုင်ထဲဝင်လာပြီးတော့ကားသမားတွေ အကုန်လုံးကိုရိုက်ကွာလို့ အော်ပြီး
တော့ ၀င်ရိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ညီက ဘာမှမဆိုင်ဘဲနဲ့ ၀ိုင်းရိုက်ခံရလို့ ဆေးရုံရောက်ပြီး နာရီဝက်အကြာမှာပဲသေဆုံးသွားခဲ့တယ်။ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့တရားခံတွေနဲ့တခြားယာဉ်
မောင်းတွကစမ်းချောင်းမြို့နယ်မှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာစကားများထားတယ်ဆိုတာကို သိရပါ
တယ်” ဟု ပြောကြားခဲ့သည်။
 
သေဆုံးခဲ့သူ တင်မောင်ဆွေမှာ ဦးခေါင်းဝဲယာစောင်းဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာနှင့် ၀ဲလက်ဖျံဖူး ရောင်၊ ၀မ်းဗိုက်ချက်အောက်ညိုမည်း၊ ယာပုခုံးဝဲယာပါးခါးတို့တွင် ဒဏ်ရာအသီးသီးရရှိ၍ ရန်ကုန်ဆေးရုံကြီးအရေး
ပေါ်ဌာနရောက် ပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
လူအများဝိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ)၄၆၈/၂၀၁၀ ပြစ်မှု ပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/ ၁၁၄ သို့ ပြောင်းလဲအမှုဖွင့် ခဲ့ပြီး အမှုစစ်ဖြစ်သူ ဒုရဲအုပ်ငွေစိုးက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
အမှုမှ တရားခံ (၁) ဖြစ်သူ တရားခံ ကိုကိုဝင်းနှင့်တရားခံ(၄) ဖြစ်သူ တရားခံကျော်ထွေးတို့မှာ ပြစ်မှုဆိုင်ရာ ပုဒ်မ၃၂၅/၁၁၄အရအပြစ်ရှိကြောင်းတွေ့ရှိရသဖြင့်အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်နှင့်သုံးလ ကျခံစေ သော်
လည်း တရားခံများအား အထုတ်ခံရသော ၂၀၁၀ ဒီဇင်ဘာလ ၄ ရက်မှ စ၍ ချုပ်ရက်များကို ထောင်ဒဏ်မှ ထုတ်နှုတ်ကျခံစေကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment