Pages

Friday, September 21, 2012

ကြည့်မြင်တိုင်ကမ်းနားဈေးအနီးရှိ အောက်ရုံ သမ္ဗန်ဆိပ်တွင် သစ်လုံးတင်သင်္ဘောနှင့် သမ္ဗန်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁
ကြည့်မြင်တိုင်ကမ်းနားဈေးအနီးအောက်ရုံသမ္ဗန်ဆိပ်တွင်စက်တင်ဘာလ၂၀့ ညနေ၃နာရီ ၁၅မိနစ်ခန့်ကအောက်ရုံသို့
သို့သွားရောက်မည့် ခရီးသည် ခြောက်ဦးတင်ဆောင်ထားသည့် သမ္ဗန်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကြည့်မြင်တိုင်- အောက်ရုံ သမ္ဗန်ဆိပ် မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုင်ဂရု(ဖ်) သစ်လုံးတင်ဆိပ်ကမ်းမှ ထွက်ကွာလာသည့် သစ်လုံးတင်သင်္ဘောနောက်ပိုင်းယမ်းခါမှုကြောင့် အဆိုပါကြည့်မြင်တိုင်စ်ဖက်ကမ်းအာက်ရုံရွာသို့ထွက်ကွာမည့်သမ္ဗန်မှာနစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ သမ္ဗန်နစ်မြုပ်
နေစဉ်တွင်အနီးရှိသမ္ဗန်သမားများနှင့်ဒေသခံလူထုကနစ်မြုပ်နေသည့်ခရီးသည်များကို ၀ိုင်းဝန်းဆယ်ယူနိုင်ခဲ့သည့်အ
တွက်ဒဏ်ရာရရှိသူတစ်ဦးမှမရှိကြောင်းသမ္ဗန်နစ်မြုပ်မှုတွင်ပါဝင်ခဲ့သည့်အောက်ရုံဒေသခံများနှင့် နီးစပ်သည့် အောက်
ရုံ ရွာသား ဦးဇော်မင်းထိုက် က ပြောကြားသည်။

အဆိုပါကြည့်မြင်တိုင်သမ္ဗန်ဆိပ်သည်ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိစက်ဆန်း ၊ အေးရွာ ၊ အလတ်ချောင်း ၊ စက်ကလေး နှင့်အောက်ရုံရွာများသို့ပြေးဆွဲပေးလျက်ရှိသည့်သမ္ဗန်ဆိပ်တစ်ခုဖြစ်ကြောင်းအောက်ရုံသမ္ဗန်ဆိပ်ထံမှ စုံစမ်းသိရှိရ
သည်။
 
The Voice Weekly

0 comments:

Post a Comment