Pages

Friday, September 21, 2012

ကေအိုင်အို ဗဟိုဒေသအတွင်းမှာ တိုက်ပွဲဖြစ် ၂ဖက် ကျဆုံးမှုတွေရှိ


Photo: ကေအိုင်အို ဗဟိုဒေသအတွင်းမှာ တိုက်ပွဲဖြစ် ၂ဖက် ကျဆုံးမှုတွေရှိ

ကေအိုင်အိုလိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ကေအိုင်အို တပ်မဟာ ၅ဗဟိုဒေသအတွင်းကို အစိုးရတပ်တွေ အင်အားဖြည့်တင်း
လှုပ်ရှားလာတာကြောင့် အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။

မနေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၂၄ ဒေသမှာ အစိုးရမြောက်ပိုင်းတိုင်းလက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို  ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

"မနေ့ကတော့ တပ်မဟာ ၅ ကျနော်တို့ရဲ့ ၂၄ ဂွင် နှစ်ကြိမ် သုံးကြိမ်လောက် တော့ ရှိသွားတယ်။ ကျနော်တို့ကတော့ ၃၈၈ လို့ခန့်မှန်းတယ် ဒါပေမဲ့ သူတို့က တပ်ရင်း သုံးလေးခုများပေါင်းထား
လားမသိဘူး။ အင်အား ၁၀၀ ပါတ်ဝန်းကျင်လောက်ရှိတယ်။ အဲဒါကြောင့် ကျနော်ထင်တာက အင်အားဖြည့်တာလဲပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်း နောက်ပီးတော့ ရိက္ခာတွေ လာပို့တာလဲ ဖြစ်နိုင်တယ်။"

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဒိန်ဂါကျေးရွာမှာ တပ်စွဲထားတဲ့ ခလရ ၁၄၂ တပ်နဲ့ ကေအိုင်အို တပ်ရင်း ၂၄ တပ်တို့  ဒီလ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်တာမှာလည်း  အစိုးရတပ်က ၃ဦးသေဆုံးပီး ၆ ဦးဒဏ်ရာရသွားတယ်လို့ ကချင်သတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ ဒီကျဆုံးမှုနဲ့ပတ်သက်လို့ rfa က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့ညကလဲ ကေအိုင်အိုနဲ့ ပူးတွဲလှုပ်ရှားနေတဲ့  ABSDF မြောက်ပိုင်း တပ်တွေရှိရာ လက်ဂျားယန်ကျေးရွာအနီးရှိ တပ်စခန်းမှာ အစိုးရစကခ ၃ လက်အောက်ခံတပ်တွေတက်လာလို့  တိုက်ပွဲဖြစ်ခဲ့တယ်လို့   ကျောင်းသားတပ်မှုး ကိုအောင်ဆွေဦးက
 ပြောပါတယ်။

"ညက ၁၂ နာရီနဲ့ ၅ နာရီကြားလုံးဝ မအိပ်လိုက်ရပါဘူး။ တညလုံး လယ်ကွင်းဘက်ကနေ တက်လာလို့ ကေအိုင်အေ ဘက်ကလဲ ခန့်မှန်းပြီးမှ ပစ်နေရတော့တာ ဘာမှလဲ မမြင်ရဘူး။ မဲမှောင်ပြီးတော့ ဒီနေ့မနက်ကျတော့ ၁၀ နာရီကျော်လောက်ကနေ လက်နက်ကြီးနဲ့ ပိတ်ထုနေတော့တာ ဒီဘက်က အကျအဆုံးမရှိဘူး။ ညဆိုတော့ သိပ်ပြီ၊းမှ သဲသဲကွဲကွဲမမြင်ရဘူး။ ရည်မှန်းချက်က တပ်အင်အားထပ်ဖြည့်တဲ့ပုံစံပါပဲ ထိုးစစ်လုပ်ဖို့လား။ ဒါမှ မဟုတ် လက်ဂျားယန်တပ်စခန်းကို ပြန်သိမ်းဖို့လား ညက တက်လာတဲ့ ပုံစံအတိုင်းဆိုရင် အနည်းဆုံး ၁၀၀ ၀န်ကျင်တော့ ရှိမယ်ထင်တယ်။ တိုက်ပွဲကတော့ နဲနဲစိတ်မဲ့သဘောရှိတယ်။ သူတို့ရဲ့ တပ်အင်အားဖြည့်
တဲ့ပုံကြည့်ရတာ ဒီလထဲမှာ နဲနဲများမဲ့ပုံရှိတယ်"

ဒီလ ၁၇ ရက်နေ့ကလည်း လက်ဂျားယန်တပ်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တက်လာလို့ ABSDF မြောက်ပိုင်းကျောင်းသား
တပ်က တစ်ယောက် လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။ ဒီနေ့လည်း ဒေါ့ဖုန်းယန်ဒေသဘက်ကနေ လက်ဂျားယန်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ကေအိုင်အိုလိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ကေအိုင်အို တပ်မဟာ ၅ဗဟိုဒေသအတွင်းကို အစိုး
ရတပ်တွေ အင်အားဖြည့်တင်း လှုပ်ရှားလာတာကြောင့် အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ
တယ်လို့သိရပါတယ်။မနေ့က ကေအိုင်အို တပ်မဟာ၅ လက်အောက်ရှိ တပ်ရင်း၂၄ဒေသမှာအစိုးရမြောက်ပိုင်းတိုင်းလက်အောက်
ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြော
ပါတယ်။

"မနေ့ကတော့ တပ်မဟာ ၅ ကျနော်တို့ရဲ့ ၂၄ ဂွင် နှစ်ကြိမ် သုံးကြိမ်လောက် တော့ ရှိသွားတယ်။ ကျနော်တို့
ကတော့ ၃၈၈ လို့ခန့်မှန်းတယ် ဒါပေမဲ့ သူတို့က တပ်ရင်း သုံးလေးခုများပေါင်းထား လားမသိဘူး။ အင်အား 
၁၀၀ ပါတ်ဝန်းကျင်လောက်ရှိတယ်။ အဲဒါကြောင့် ကျနော်ထင်တာက အင်အားဖြည့်တာလဲပါမယ်။ နောက်
ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်း နောက်ပီးတော့ ရိက္ခာတွေ လာပို့တာလဲ ဖြစ်နိုင်တယ်။"

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဒိန်ဂါကျေးရွာမှာ တပ်စွဲထားတဲ့ ခလရ ၁၄၂ တပ်နဲ့ ကေအိုင်အို တပ်ရင်း ၂၄ တပ်တို့ ဒီ
လ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်တာမှာလည်း အစိုးရတပ်က ၃ဦးသေဆုံးပီး ၆ ဦးဒဏ်ရာရသွားတယ်လို့ ကချင်
သတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ဒီကျဆုံးမှုနဲ့ပတ်သက်လို့ rfa က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့ညကလဲ ကေအိုင်အိုနဲ့ ပူးတွဲလှုပ်ရှားနေတဲ့ ABSDF မြောက်ပိုင်း တပ်တွေရှိရာ လက်ဂျားယန်ကျေးရွာအနီးရှိ တပ်စခန်းမှာ အစိုးရစကခ ၃ လက်အောက်ခံတပ်တွေတက်လာလို့ တိုက်ပွဲဖြစ်
ခဲ့တယ်လို့ ကျောင်းသားတပ်မှုး ကိုအောင်ဆွေဦးက ပြောပါတယ်။

"ညက ၁၂ နာရီနဲ့ ၅ နာရီကြားလုံးဝ မအိပ်လိုက်ရပါဘူး။ တညလုံး လယ်ကွင်းဘက်ကနေ တက်လာလို့ကေ
အိုင်အေ ဘက်ကလဲ ခန့်မှန်းပြီးမှ ပစ်နေရတော့တာ ဘာမှလဲ မမြင်ရဘူး။ မဲမှောင်ပြီးတော့ ဒီနေ့မနက်ကျ
တော့ ၁၀ နာရီကျော်လောက်ကနေ လက်နက်ကြီးနဲ့ ပိတ်ထုနေတော့တာ ဒီဘက်က အကျအဆုံးမရှိဘူး။ 
 
ညဆိုတော့ သိပ်ပြီ၊းမှ သဲသဲကွဲကွဲမမြင်ရဘူး။ ရည်မှန်းချက်က တပ်အင်အားထပ်ဖြည့်တဲ့ပုံစံပါပဲ ထိုးစစ်လုပ်
ဖို့လား။ ဒါမှ မဟုတ် လက်ဂျားယန်တပ်စခန်းကို ပြန်သိမ်းဖို့လား ညက တက်လာတဲ့ ပုံစံအတိုင်းဆိုရင်အနည်း
ဆုံး ၁၀၀ ၀န်ကျင်တော့ ရှိမယ်ထင်တယ်။ တိုက်ပွဲကတော့ နဲနဲစိတ်မဲ့သဘောရှိတယ်။ သူတို့ရဲ့ တပ်အင်အား
ဖည့် တဲ့ပုံကြည့်ရတာ ဒီလထဲမှာ နဲနဲများမဲ့ပုံရှိတယ်"

ဒီလ ၁၇ ရက်နေ့ကလည်း လက်ဂျားယန်တပ်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တက်လာလို့ ABSDF မြောက်ပိုင်းကျောင်းသား တပ်က တစ်ယောက် လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။ဒီနေ့လည်း
 ဒေါ့ဖုန်းယန်ဒေသဘက်ကနေ လက်ဂျားယန်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment